ဒေးဒရဲမြို့နယ်၌ ​နွေစပါးအထွက်နှုန်း ပိုမိုတိုးတက်စေရေး၊ သစ်စိမ်းမြေသြဇာ မျိုးစေ့ထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးရေးနည်းလမ်းများ အသိပညာပေးဟောပြော - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဒေးဒရဲမြို့နယ်၌ ​နွေစပါးအထွက်နှုန်း ပိုမိုတိုးတက်စေရေး၊ သစ်စိမ်းမြေသြဇာ မျိုးစေ့ထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးရေးနည်းလမ်းများ အသိပညာပေးဟောပြော

130


MNP ၊ အောက်တိုဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကျေးရွာများရှိ နွေစပါးစိုက်တောင်သူများ တစ်ဧက အထွက်နှုန်း ပိုမိုတိုးတက်စေရေး၊ သစ်စိမ်းမြေသြဇာမျိုးစေ့ ထုတ်လုပ်ရောင်းချခြင်းဖြင့် ဒေသခံတောင်သူများ လူမှုစီးပွားဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ယနေ့ နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကျေးရွာစာရေး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေး နည်းလမ်းများ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။


အဆိုပါ အသိပညာပေးဟောပြောခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မင်းထွန်းက မြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးမည့် လယ်မြေ များတွင် တစ်ဧက စပါး(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိစေရေးအတွက် စိုက်ပျိုးရေးနည်းလမ်းများကို အသိပညာပေးဖြန့်ဝေပေးခြင်း ဖြစ်ရာ ပြည်သူများအနေဖြင့် ဖြန့်ဝေပေးသည့် အချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် စပါးအထွက်နှုန်း ပိုမိုတိုးတက်ပြီး လူမှုစီးပွားဖွံ့​ဖြိုးလာမည်ဖြစ်၍ တက်ရောက်လာသူများက မိမိကျေးရွာများရှိ တောင်သူများထံသို့ ဟောပြောဆွေးနွေးပေးကြရန်နှင့် သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော် မျိုးစေ့ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းများ၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် ဝန်ထမ်းများက စပါးမျိုးကောင်းမျိုးသန့် ပြောင်းလဲစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊ ဓာတ်မြေသြဇာကို အချိန်ကိုက် အချိုးကျသုံးစွဲနည်း၊ စပါးရိတ်သိမ်းချိန် အလေအလွင့် နည်းပါး၍ ဆုံးရှုံးမှုမရှိစေရန် ဆောင်ရွက်ရမည့်နည်းများနှင့် ပိုးမွှားရောဂါ ကာကွယ် နှိမ်နှင်းရေးနည်းလမ်းများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။


အေဇာလင်း

https://t.me/MyanmarNationalPost


.com/img/a/



No comments:

Post a Comment

Donate and Support

Pages