လွိုင်ကော်မြို့နယ်အတွင်း စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

လွိုင်ကော်မြို့နယ်အတွင်း စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူ

020


MNP ၊ အောက်တိုဘာ ၄

ကယားပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတွင် တစ်ခုအပါအဝင်ဖြစ်သည့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့က လွိုင်ကော်မြို့ ထေးသမရပ်ကွက် ဒေါဆော်ဘီးကျေးရွာသို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက လူဦးရေနှင့်အိမ်အကြောင်းအရာ စမ်းသပ်သန်းခေါင် စာရင်းအားတစ်အိမ်တက်ဆင်း ကောက်ယူနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။


ဦးစွာ ကယားပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေါဆော်ဘီးကျေးရွာတွင် တစ်အိမ်တက်ဆင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များမေးမြန်း ကောက်ယူနေမှုကို လှည့်လည်ကြည့်ရှုပြီး ဒေသခံပြည်သူများအား စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရခြင်းအကြောင်းနှင့် မှန်ကန်စွာဖြေကြားခြင်းဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ရေး ရှင်းလင်းပြောကြားကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။


၂၀၂၃ ခုနှစ် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းသည် ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း မဆောင်ရွက်မီ တစ်နှစ်အလိုဖြစ်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၁၅ ရက်အတွင်း စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းကို ကယားပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် လွိုင်ကော်မြို့နယ်၌ စာရင်းကောက်ကွက် နှစ်ခုဖြစ်သည့် ဒေါဆော်ဘီးကျေးရွာနှင့် ရွှေတောင်ရပ်ကွက်တို့၌ လူဦးရေနှင့် အိမ်အကြောင်းရာသန်းခေါင်စာရင်း အား Mobile Tabletများ အသုံးပြုပြီး CAPI နည်း စနစ်ဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages