ပေါင်မြို့နယ်၌ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်







MNP ၊ အောက်တိုဘာ   ၁၁

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို သဲကုန်းကျေးရွာသဲရွှေဝါခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ပြုလုပ်ခဲ့သည်။


ဟောပြောပွဲတွင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာသက်နိုင်က ခွေးရူးရောဂါ ကာကွယ်ရေးသိကောင်းစရာများကိုလည်းကောင်း၊ရောဂါကူးစက်နိုင်သည့်နည်းလမ်းများနှင့်ခွေးရူးရောဂါ ကူးစက်ခံရမှုအန္တရာယ်ရှိသောသူများကိုလည်း‌ကောင်း၊ခွေးရူးရောဂါခံစားနေရသည့်ခွေးများကိုခွဲခြားနိုင်သည့်အချက်များကိုလည်းကောင်း၊လူတွင်ကူးစက်နိုင်သည့် ခွေးရူးပြန်ရောဂါလက္ခဏာများကိုလည်းကောင်း၊လူတွင် ‌ခွေးကိုက်ခံရပါက ‌ ခွေးရူးရောဂါမဖြစ်အောင် ကာကွယ်ရမည့်နည်းလမ်းများကိုလည်းကောင်း ၊ကာကွယ်ဆေးထိုးရမည့်အခြေအနေများကိုလည်းကောင်း၊ခွေးရူးရောဂါနှင့်ပတ်သတ်၍ သတိပြုလိုက်နာရမည့်အချက်များကိုဟောပြောခဲ့ပြီး ‌ခွေးရူးရောဂါနှင်ပတ်သတ်သည့်လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်းသိရသည်။


‌ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ‌ဒေါက်တာသက်နိုင်နှင့်ဒေါက်တာကျော်ရဲ‌အောင်တို့က  ‌ကျေးရွာရှိ အိမ်မွေးတိရစ္ဆာန်များကိုခွေးရူးရောဂါကာကွယ်ဆေးများ နှံ‌ပေးခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)