အမ်းမြို့အမှတ်(၃)အခြေခံ ပညာအထက် တန်းကျောင်း၌ လူငယ်အသိပညာပေးဟော ပြောပွဲနှင့်လူငယ်စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့အမှတ်(၃)အခြေခံ ပညာအထက် တန်းကျောင်း၌ လူငယ်အသိပညာပေးဟော ပြောပွဲနှင့်လူငယ်စကားဝိုင်း ကျင်းပ





MNP ၊ အောက်တိုဘာ   ၁၀

  ရခိုင်ပြည်နယ်၊ အမ်းမြို့လေယာဥ်ကွင်း ရပ်ကွက်အမှတ်(၃) အခြေခံပညာအ ထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်အသိပညာပေးဟော ပြောပွဲနှင့် လူငယ်စကားဝိုင်းကို  ယမန်နေ့ နေ့လည်ပိုင်းက အဆိုပါကျောင်း ခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။


      လူငယ်အသိပညာပေးဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးစန်းဝင်းနှင့်ဝန် ထမ်းများ၊စာ ရေးဆရာ ဓညမောင်နေထွန်း၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးမောင်သန်းနှင့်၊ဆရာ၊ဆရာ မများ၊ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ 


       လူငယ်အသိပညာပေးဟော ပြောပွဲအခမ်းအနားတွင် အမှတ် (၃)​အခြေခံပညာ အ ထက်တန်းကျောင်းအုပ်ဆရာ ကြီးဦးမောင်သန်းကအဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းသားကျောင်း သူများအနေဖြင့် လူငယ်ဘဝမှပင် ဗလငါးတန်နှင့်ပြည့်စုံသည်လူငယ်များဖြစ် လာစေရန်ကြိုး စားသင် ယူကြစေလိုကြောင်းလူငယ်စကားဝိုင်းမှ ရရှိသောအသိပညာဗဟုသုတများကိုလေ့လားမှတ်သားကြပြီးလိုက် နာကျင့်သုံးကြစေလိုကြောင်းအချိန်ကိုအကျိုးရှိရှိအသုံးချကြရန်ပြောကြားခဲ့သည်။ 


   ဆက်လက်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစန်းဝင်းက ကျောင်းသား ကျောင်းသူများအား စာပေဖတ်ရှုကြခြင်းဖြင့် ဘဝအောင်မြင်ရေးနည်းလမ်းများ၊အနာဂတ်လူငယ်များအတွက်လင်းရောင်ခြည်၊ ဗ လငါးတန်ဖွံ့ဖြိုးရေးအတွက်နိုင်ငံတော် ၏ လူမှုရေးဦး တည်ချက် တတိယအ ချက်တွင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအ ဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူ ငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင် ဆောင်ရွက်ရေးဟူသည့်အချက်ချမှတ်ထားပါကြောင်း ခေတ်သစ်လူ့အဖွဲ့ အ စည်းမှာ ပညာတတ်မြောက်မှုက အလွန်ပင်အရေးကြီးပါကြောင်းအထူးသဖြင့် မိမိတို့နိုင်ငံရဲ့ လူ ဦးရေသုံးပုံတစ်ပုံက လူငယ်တွေဖြစ်ကြပြီး လူငယ်တွေပညာ တတ်မြောက်မှုမြင့်မားမှသာတိုင်းပြည် ၏ အနာဂတ်က ဖွံ့ ဖြိုးသာယာမှာဖြစ် ကြောင်းနှင့် ပညာဖြင့်လူမှုဘဝမြှင့်တင်ခြင်းအကြောင်းအရာများအားဆွေးနွေးပြောကြားခဲ့သည်။


      ဆက်လက်ပြီးလူငယ်စကားဝိုင်းအားကျင်းပခဲ့ရာ မြို့နယ်ဦးစီးမှူး ဦးစန်းဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အနာဂတ်တိုင်း ပြည်တာဝန်များကိုပခုံးပြောင်းထမ်းရွက်ကြမည့်ကျောင်းသားကျောင်း သူ လူငယ် များ၊ မိမိဒေသမှာ ခေါင်ဆောင်တာဝန်ယူကြမဲ့ လူငယ်များ  အသိပညာဗဟုသု တတိုးပွားစေရန်၊ ဝိုင်းဖွဲ့ဦး ဆောင်ဆွေး နွေးတတ်သည့် အလေ့အထများရရှိစေရန်၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်၊ စဉ်းစား တွေးခေါ်နိုင်မှုစွမ်းရည်များ ရင့်သန်လာစေပြီး အကောင်း အဆိုးအမှားအမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်၍ ဆုံးဖြတ် ချက်များ ချမှတ်နိုင်စေရန်၊ လူအများရှေ့မှောက်တွင် စကားပြောဆိုခွင့်ကြုံ ကြိုက်တဲ့အခါ ပြောရဲ ဆိုရဲသည့်သတ္တိ ရှိလာစေပြီး ပြောတတ်ဆိုတတ်စေရန်၊နှုတ်မှု စွမ်းရည်များတိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပပေးခဲ့ခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


        ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပခဲ့ရာအမှတ်(၃) အထ က Grade- 12 မှ မောင်ပြည့်ဖြိုးအောင်ကလူငယ်နှင့် စာပေ အ​ကြောင်းအရာများကိုလည်းကောင်း Grade-12 ကျောင်းသားမောင်ငြိမ်းငြိမ်းနိုင်ကလူငယ်နှင့် ပညာ ရေး ခေါင်စဥ်ဖြင့်လည်းကောင်း၊Grade- 10 ကျောင်းသူမနော်မင်းဒီ က လူငယ်နှင့်စာရိတ္တ ခေါင်းစဥ်ဖြင့်လည်းကောင်း၊Grade-12 ကျောင်းသားမောင်စံရွှေကလူငယ် စာပေနှင့်စာဖတ်ခြင်းခေါင်းစဥ်များဖြင့်လည်းကောင်း အသီး သီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်း သား၊ ကျောင်းသူများက သိရှိလိုသည်များအားမေးမြန်းကြရာ မြို့နယ်ဦးစီးမှူးဦးစန်းဝင်းနှင့် ဆွေးနွေးသူများမှ ပြန် လည်ဖြေကြားခဲ့ကြသည်။


     ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက လူ ငယ်အသိပညာပေးဟောပြောပေးသောစာ​ရေးဆရာဓည မောင်နေထွန်းနှင့် လူ ငယ်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ချီးမြှင့်ခဲ့ကြသည်။ 


     ဆက်လက်၍ ကျောင်းသား၊ကျောင်း သူများသည်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့်  ကလေးအလုပ်သ မားပ ပျောက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊မူးယစ်ဆေးဝါးတားဆီးကာ ကွယ်ရေးအသိပညာပေး နံရံကပ်စာ စောင်​ြပသထားမှုများတို့အား စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြရာ မြို့နယ်ဦးမှူးဦးစန်းဝင်းက ကျောင်း သားကျောင်းသူများအား ကလေအလုပ် သမားပပျောက်ရေး၊လူကုန်ကူးမှုတား ဆီးကာကွယ်ရေး၊မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအသိပညာပေးနံရံကပ်စာ စောင်ပါအကြောင်းအရာများနှင့် သိရှိလိုသည်များအားရှင်းလင်းပြောကြားခဲ့ကြ​ဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)