ရခိုင်ပြည်နယ် မောင်တောမြို့၌ လူမှုသဟဇာတ နှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ လူမှုသဟဇာတ နှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်





MNP ၊ အောက်တိုဘာ  ၉

ရခိုင်ပြည်နယ်   ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌  ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး ဖွင့် လှစ်သည့် လူမှုသဟဇာတ နှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ ဆင့်ပွားသင်တန်းကို  ယနေ့ နံနက် ၉ နာရီအချိန်  အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ  ဦးနေဦးက အမှာစကားပြောကြားရာတွင်  လူမှု သဟ ဇာတဖြစ်ရေးသည် မြန်မာနိုင်ငံမှ အင်မတန် အရေးပါပြီး လိုအပ်တဲ့ ကိစ္စတစ်ခုဖြစ်ပါကြောင်း ၊ မတူ ကွဲပြား ခြင်းများဟာ နေရာတိုင်းမှာ ရှိပြီး လူတစ်ဦး နှင့် တစ်ဦး ကျား ၊ မ အသက်အရွယ် ၊ မိသားစု အသိုင်းအဝိုင်း ၊ သင်ကြားခဲ့သည့် ပညာရပ်များ ၊ လူမျိုး ဘာသာ စသည့်ဖြင့် မတူမှုများစွာ ရှိတဲ့အတွက်  လူမှုရေး ပဋိ ပက္ခ များမှာ အမြဲဖြစ်ပေါ်နေမည်ဖြစ်ပြီး  လူမှုသဟဇာတဖြစ်နိုင်ဖို့ အလွန်ခက်ခဲပါကြောင်း ၊  လူတစ်ဦး နှင့် တစ်ဦး ပြသနာ မဖြစ်ပွားအောင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်အောင် ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ် ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ရခိုင်ပြည်နယ် လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး  ဦးမြင့်ဇော်က သင်တန်း ဖွင့်လှစ်ရခြင်း နှင့် သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းတွင် နည်းပြ နှစ်ဦးက သင်တန်းပို့ချမည် ဖြစ်ရာ သင်တန်းကို ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ၊ ရပ်ကျေးစာရေးဝန်ထမ်း များ ၊ လူမှုရေးအဖွဲ့အစည်းများ သင်တန်းသား ၊ သူစုစုပေါင်း  ၃၅ ဦးတက်ရောက်သင်ယူမည်ဖြစ်ပြီး သင်တန်းတွင် ပို့ချပေးမည့် ဘာသာရပ်များအနေဖြင့်  သင်တန်း မိတ်ဆက် နှင့် လူမှုသဟဇာတသဘောတရားများ ၊ လူမှုသဟဇာတ အဓိက အစိတ်အပိုင်းများ နှင့် ကိုယ်ပိုင်ဝိသေသ လက္ခဏာများ ၊ ပုံသေအယူအား  ကြိုတင်မှန်းဆချက်နှင့် ခွဲခြားဆက်ဆံမှု ပဋိပက္ခဖြစ်စဉ်များ ၊  လူ အခွင့် အရေး ၊ အုပ်ချုပ်ရေးလုပ်ငန်းစဉ် နှင့် လူမှုသဟဇာတများ စသည့် ဘာသာရပ်များကို သင်ကြားပို့ချပေး မည် ဖြစ်ရာ သင်တန်း ကာလ မှာ   သုံးရက်တာပို့ချမည်ဖြစ်သည်။ အဆိုပါ သင်တန်းဖွင့်ပွဲသို့ ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ  ဦးနေဦး ၊ ပြည်နယ် လူမှုဝန် ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော် ၊ မြို့နယ် စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်း အောင်  ၊ ခရိုင်လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိန် သန်း ကြည် နှင့် ဝန်ထမ်းများ ၊ ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ၊ ရပ်ကျေးစာရေး ဝန်ထမ်း များ ၊ လူမှုရေးအဖွဲ့ အစည်း များ နှင့် တာဝန်ရှိသူများ တက် ရောက်ခဲ့ ကြောင်း သိရသည်။


သက်လွင်စိုး၊အောင်ကျော်စိန်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)