အာရှအားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်း လေးယောက်တွဲပြိုင်ပွဲတွင် မြန်မာအမျိုးသားအသင်း ဆီမီးဖိုင်နယ်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာရှအားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်း လေးယောက်တွဲပြိုင်ပွဲတွင် မြန်မာအမျိုးသားအသင်း ဆီမီးဖိုင်နယ်တက်ရောက်


MNP ၊ အောက်တိုဘာ ၃

အာရှအားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်း လေးယောက်တွဲပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို အောက်တိုဘာ ၂ ရက်က ဆက်လက်ကျင်းပရာ မြန်မာအမျိုးသား အသင်းဆီမီးဖိုင်နယ် တက်ရောက်သွားသည်။

အမျိုးသားပြိုင်ပွဲတွင် မြန်မာအသင်းသည် အင်ဒိုနီးရှားအသင်းကို နှစ်ပွဲပြတ်ရှုံးနိမ့်သော်လည်း ဗီယက်နမ်အသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့် အနိုင်ရသဖြင့် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် အင်ဒိုနီးရှားအသင်းကို ၂၂-၂၀ မှတ်၊ ၂၁-၁၉ မှတ်ဖြင့် နှစ်ပွဲပြတ်အရေးနိမ့် ခဲ့ခြင်းဖြစ်သည်။ ဆီမီးဖိုင်နယ် တက်ရောက်ရေးအဆုံးအဖြတ်ပွဲတွင် မြန်မာအသင်းသည် ဗီယက်နမ် အသင်းကို အနိုင်ကစားနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် ပထမပွဲငယ်တွင် ၂၂-၂၀ မှတ်ဖြင့် အရေးနိမ့်သော်လည်း ဒုတိယပွဲငယ်တွင် ၂၁-၁၉ မှတ်၊ တတိယပွဲငယ်တွင် ၂၁-၁၉ မှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် အုပ်စုပွဲများတွင် လာအိုနှင့်ဗီယက်နမ်ကိုအနိုင်ရပြီး အင်ဒိုနီးရှားကို အရေးနိမ့်သဖြင့် အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ်တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ဆီမီးဖိုင်နယ် ပွဲစဉ်များကို အောက်တိုဘာ ၃ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

အမျိုးသမီးပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့တွင် မြန်မာအသင်းသည် အင်ဒိုနီးရှားကို နှစ်ပွဲပြတ်အရေးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် အုပ်စုသုံးပွဲ ယှဉ်ပြိုင်ရာတွင် တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ခဲ့သဖြင့် ဆီမီးဖိုင်နယ်နှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။


ကိုညီလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)