ဗဟန်းမြို့နယ်၌ အထူးကုဆရာဝန်ကြီးများက ကျန်းမာ​ရေးစစ်​ဆေးမှုများ အခမဲ့​ဆောင်ရွက်​ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗဟန်းမြို့နယ်၌ အထူးကုဆရာဝန်ကြီးများက ကျန်းမာ​ရေးစစ်​ဆေးမှုများ အခမဲ့​ဆောင်ရွက်​ပေး



MNP ၊ အောက်တိုဘာ   ၁၀

ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ် ဆရာစံ​မြောက်အ​ရှေ့ရပ်ကွက်တွင် အထွေထွေရောဂါကုဆရာဝန်ကြီးများနှင့် ဓာတ်မှန်ဆရာဝန်များ၊ ဆီးချိုသွေးတိုး၊ နှလုံးကုသရေးဆရာဝန်များစုပေါင်း၍ ဦးချစ်​မောင်လမ်းရှိ နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံ၌ ယ​မန်နေ့ နံနက် ၁၀ နာရီမှ ည​နေ ၄ နာရီထိကွင်းဆင်း၍ ကုသပေးခဲ့ကြ​ကြောင်း သိရသည်။


ထိုသို့​ဆောင်ရွက်ရာတွင် ဆရာဝန်ကြီးများက အ​ထွေ​ထွေ​ရောဂါ၊​ တီဘီ​ရောဂါ၊ သွေးတိုး​ရောဂါ၊ ဆီးချို၊​ သွေးချို​ရောဂါတို့ကို အခမဲ့စစ်​ဆေး​ဆောင်ရွက်​ပေးပြီး ဓါတ်မှန်အခမဲ့ရိုက်​ပေးခြင်းများကို ပြည်သူများအား ၁၀-၁၀-၂၀၂၃ ရက်​နေ့ထိ (၂)ရက်တိုင် ကွင်းဆင်း​ဆောင်ရွက်​ပေးသွားကြမည်ဖြစ်သည်။


အဆိုပါကွင်းဆင်းကုသ​ရေးအဖွဲ့အား မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့များ၊ ကျန်းမာရေးဌာနမှ ဆရာဝန်များ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရပ်မိရပ်ဖများက လိုအပ်သည်များ ပါဝင်ကူညီ​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သတင်းရရှိပါသည်။


ကြည်​ဇေ​သော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)