စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မအူပင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မအူပင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေး

102

103


MNP ၊ အောက်တိုဘာ  ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်း ‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၁၁)နာရီက ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။


ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ ရေလဲကလေးကျေးရွာရှိ အလျား(၅.၆၈)မိုင်၊ ထိပ်ဝအကျယ် (၃၃)ပေ၊ အောက်ခြေအကျယ်(၂၁)ပေ၊ ပျမ်းမျှအနက် (၆.၀၀)ပေရှိ ရေလဲ-သဲဖြူ-အောင်ဘုံ ရေနှုတ်မြောင်းဟောင်း တူးဖော်ထားရှိမှုအား ကြည့်ရှုစစ်ဆေးရာ မအူပင်ခရိုင် ဆည်မြောင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးထိုက်မှ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ငါးကြီးဂရက်ကျေးရွာရှိ ဧက(၁၀၀) စံပြစိုက်ကွင်းအား ကြည့်ရှုစစ်ဆေးရာ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမြင့်မှလည်းကောင်း၊ တောင်သူ ဦးဝေလင်းမှ လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။


၎င်းနောက် တလုပ်လှအရှေ့ကျေးရွာရှိ တလုပ်လှငါးလုပ်ငန်းစခန်းလုပ်ငန်း ဆောင်ရွက်မှုများနှင့် ငါးသားဖောက်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးရာ စခန်းတာဝန်ခံ ဒေါ်အေးအေးမင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းဝင်းတို့မှ ရှင်းလင်းတင်ပြခဲ့ကြသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ထနီးကျေးရွာရှိ ငါးမွေးမြူရေးလုပ်ငန်းရှင်ဦးသိန်းဦး၏ ၂၅ ဧက ငါးမွေးမြူရေးကန် ‌ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ထနီး ရေထိန်းတံခါး ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages