နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင် ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်း၊ နောင်တရားမြို့ရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင် ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်း၊ နောင်တရားမြို့ရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ









MNP ၊ အောက်တိုဘာ ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင် ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် အောက်တိုဘာ(၅)ရက် နံနက်(၉) နာရီခွဲက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဘက်စုံသုံးခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ စီးပွားရေးလုပ်ငန်း ရှင်များနှင့်တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က မိမိတို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များကို သက်ဆိုင်ရာဒေသများတွင် မိဘပြည်သူများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များကို ဆောင်ရွက်ပေးပြီး ခက်ခဲသော ကိစ္စရပ်များရှိပါက မိဘပြည်သူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့အနေဖြင့် ဝိုင်းဝန်း ဆုံးဖြတ်ဆောင်ရွက်ပေးရန် ရောက်လာခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပင်လောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က ဒေသဆိုင်ရာအချက် အလက်များ ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ရပ်မိရပ်ဖများ၊ တိုင်းရင်းသား စာပေ ယဉ်ကျေးမှု အဖွဲ့များ စီးပွားရေးလုပ်ငန်းရှင်များမှ ဒေသဆိုင်ရာ လိုအပ်ချက်များ တင်ပြကြပြီး ရှမ်းပြည်နယ် အစိုးရ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဒေသခံပြည်သူများ၏ တင်ပြချက်အပေါ် ‌ဖြေရှင်း ဆောင်ရွက် ပေးခဲ့ကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ခွန်စံလွင်က နိဂုံးချုပ်အမှာစကား ပြောကြား၍ ပင်လောင်းမြို့နယ် ဌာနဆိုင်ရာအတွက်နှင့် တိုင်းရင်းသားစာပေယဉ်ကျေးမှု အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြပြီး တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့မှ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ခွန်စံလွင် ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြသိန်းတန် စာသင်တိုက် ဆရာတော် ဘဒ္ဒန္တမင်္ဂလ(သာသနာဓဇဓမ္မာစရိယ)အား သွားရောက် ဖူးမျှော်ကြည်ညို ကန်တော့၍ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မ အလှူငွေများ လှူဒါန်းပေးကြသည်။

ဆက်လက်၍ နောင်တရား သဘာဝမြေသြဇာစက်ရုံနှင့် အာလူးအအေးခန်းတို့အား လှည့်လည်ကြည့်ရှုပြီး နောင်တရားမြို့ ပရိယတ္တိစာသင်တိုက်ရှိ ပဓနနာယက ဘဒ္ဒန္တဂန္ဓာမာဆရာတော်အား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ဝတ္ထု ပစ္စည်းနှင့်နဝကမ္မ အလှုငွေများ ဆက်ကပ်လှူဒါန်းပေးကြသည်။

ဆက်လက်၍ နောင်တရား ပရိတ္တိစာသင်တိုက် ကျောင်းတွင် နောင်တရားမြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်  တွေ့ဆုံရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က ဒေသလိုအပ်ချက်များကို သိရှိနိုင်ရန်နှင့် ပြည်သူများ၏ တင်ပြချက်အပေါ် ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နောင်တရား မြို့ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့များမှ ဒေသလိုအပ်ချက်များတင်ပြကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပြည်သူများ၏ တင်ပြချက်များအပေါ် ပြန်လည်ဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က နိဂုံးချုပ်အမှာစကား ပြောကြား၍ တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ခွန်စံလွင် ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ကပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စာပေယဉ်ကျေးမှု အဖွဲ့ တာဝန်ရှိသူများမှ အသီးသီး လက်ခံရယူကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊  ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တီကျစ်မြို့ ဆည်ခေါင်းရွာရှိ စိုက်ပျိုးရေး စံပြစိုက်ခင်းအားသွားရောက်ကြည့်ရှုပြီး တောင်သူများအား နေကြာမျိုးစေနှင့်သဘာဝမြေသြဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)