ဒက္ခိဏသီရိမြို့နယ်၌ အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းရေး နည်းပညာပေး ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒက္ခိဏသီရိမြို့နယ်၌ အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းရေး နည်းပညာပေး ဆွေးနွေးပွဲကျင်းပ




MNP ၊ အောက်တိုဘာ  ၃

ပြည်ထောင်စုနယ်မြေ၊  လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ဆည်စုကျေးရွာ SMU ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုလျော့နည်းရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပသည်။


အဆိုပါ နည်းပညာပေးဆွေးနွေးပွဲသို့ နေပြည်တော်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းထိန်၊ တိုင်းမျိုးစေ့တာဝန်ခံ၊ တိုင်းမြေအသုံးချရေးတာဝန်ခံ၊ တိုင်းသီးနှံကာကွယ်ရေး တာဝန်ခံ၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျွန်းတက်ပဲ့ကျေးရွာအုပ်စု၊ ချိုင်းကျေးရွာအုပ်စု၊ ကြာပင်ကျေးရွာအုပ်စု၊ ရန်အောင်မြင်ကျေးရွာအုပ်စုနှင့် ဒိုးနွယ်ကျေးရွာအုပ်စုတို့မှ ဒေသခံတောင်သူများ တက်ရောက်ကြသည်။


ရှေးဦးစွာ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးဦးဝင်းထိန်က အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်လာနိုင်မည့်အခြေအနေ၊ အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် စိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိခိုက်လာနိုင်မည့်အခြေအနေ၊ တောင်သူများအနေဖြင့် ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေးအတွက် ကြိုတင်သတိပြု ပြင်ဆင်ရမည့်အချက်များနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးသည်။


ဆက်လက်၍ နေပြည်တော်၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းမျိုးစေ့တာဝန်ခံ၊ တိုင်းမြေအသုံးချမှုတာဝန်ခံ၊ တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံနှင့် မြို့နယ်ဦးစီးမှူးတို့က မျိုးကောင်းမျိုးသန့်များ၊ သက်တမ်းတိုမျိုးများ ပြောင်းလဲစိုက်ပျိုးသွားရန်၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာကို အချိုးကျ ပေါင်းစပ်သုံးစွဲရန်၊ ယူရီးယားဓာတ်မြေသြဇာကို အလွန်အကျွံမသုံးစွဲရန်နှင့် ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရန်၊ အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် ရောဂါပိုးကျရောက်နိုင်မှု ကာကွယ်ရန်နည်းလမ်းများ၊ ဘက်စုံပိုးမွှားရောဂါကာကွယ်ရေး နည်းလမ်းများ၊ လိုက်နာကျင့်သုံးရမည့် အချက်များနှင့် နည်းပညာပေးဆွေးနွေးပွဲမှရရှိသော အသိပညာဗဟုသုတများကို တောင်သူအချင်းချင်း မျှဝေရန်နှင့်လိုက်နာကျင့်သုံးဆောင်ရွက်ရန် အသီးသီးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


ထို့နောက် နည်းပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် တောင်သူများက သိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


ဝေကြည်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)