မြန်မာနိုင်ငံသင်္ဘောများ မှတ်ပုံတင်ခြင်းအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံသင်္ဘောများ မှတ်ပုံတင်ခြင်းအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ


MNP ၊ အောက်တိုဘာ ၆

မြန်မာနိုင်ငံသင်္ဘောများ မှတ်ပုံတင်ခြင်းအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာသင်္ဘောများ မှတ်ပုံတင်ဥပဒေအသစ်မပြဋ္ဌာန်းနိုင်မီ မြန်မာနိုင်ငံအနေဖြင့် လက်ရှိကျင့်သုံးလျက်ရှိသော ဈေးကွက်စီးပွားရေးစနစ်အရ လည်းကောင်း၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)များကို အားပေးသည့် မူဝါဒများအရလည်းကောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံတော်မှ ကျင့်သုံးလျက်ရှိသော မူဝါဒများနှင့် လိုက်လျောညီထွေမှုရှိစေရန်အတွက်လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသော မြန်မာနိုင်ငံသင်္ဘောများမှတ်ပုံတင်ခြင်း အက်ဥပဒေကို အင်္ဂလိပ်ဘာသာဖြင့် ပြင်ဆင်ရခြင်းဖြစ်ကြောင်း တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည် ထောင်စုရှေ့နေချုပ်က မြန်မာနိုင်ငံသင်္ဘောများ မှတ်ပုံတင်ခြင်း အက်ဥပဒေကို လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိစေရန် ပြင်ဆင်ရန်လိုအပ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ပြင်ဆင်လိုသည့်ပုဒ်မများကို အပြီးသတ်ညှိနှိုင်းလျက် ပြဋ္ဌာန်းနိုင်ရေးဆွေးနွေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)