အုတ်တွင်းမြို့နယ်၌ဆောင်းသီးနှံ မြေပဲ၊ ပဲတီစိမ်းနှင့် မတ်ပဲသီးနှံအထွက် ကောင်းမျိုးများအား ပြည်သူလက်ဝယ်အရောက်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်တွင်းမြို့နယ်၌ဆောင်းသီးနှံ မြေပဲ၊ ပဲတီစိမ်းနှင့် မတ်ပဲသီးနှံအထွက် ကောင်းမျိုးများအား ပြည်သူလက်ဝယ်အရောက်ပေးအပ်



MNP ၊ အောက်တိုဘာ  ၁၇

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီက ဦးဆောင်၍ မြို့နယ်အတွင်း ဆောင်းသီးနှံ မြေပဲ၊ ပဲတီစိမ်းနှင့် မတ်ပဲသီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးအထွက်ကောင်းမျိုးများ ပြည်သူလက်ဝယ်အရောက်ပေးအပ်ခြင်းနှင့် နည်းပညာဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျွဲပွဲမြို့၊ အမှတ် (၂)ရပ်ကွက်ရှိ ရွှေကျင်ကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါနည်းပညာဆွေးနွေးခြင်းနှင့် ဆောင်းသီးနှံမြေပဲ၊ ပဲတီစိမ်းနှင့် မတ်ပဲအထွက်ကောင်းမျိုးများ ပေးအပ်ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးညီညီက တောင်သူများနှင့်တွေ့ဆုံကာ ဆောင်းသီးနှံမြေပဲ၊ ပဲတီစိမ်းနှင့် မတ်ပဲသီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးအတွက် ဆွေးနွေးပြောကြားခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်လုပ်ငန်း ကော်မတီအတွင်းရေးမှူး ဦးအောင်ဆန်းဦးက ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး စိုက်ပျိုးရေးနည်းပညာများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။


ဆက်လက်၍ တောင်သူများကလည်း သိရှိလိုများမေးမြန်းခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း ကြီးကြပ်ကော်မတီဝင်များမှ ပြန်လည်ဆွေးနွေးပေးခဲ့ပြီး၊ ဆောင်းသီးနှံမြေပဲ၊ ပဲတီစိမ်းနှင့် မတ်ပဲသီးနှံအထွက်ကောင်းမျိုးများအား ပြည်သူလက်ဝယ်အရောက် ဖြန့်ဖြူးပေးအပ်ခဲ့ကြသည်။


ထို့နောက် ဆောင်းသီးနှံမြေပဲ၊ ပဲတီစိမ်းနှင့် မတ်ပဲသီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး အထွက်ကောင်းမျိုးများ ပေးအပ်ခြင်းနှင့် နည်းပညာဆွေးနွေးပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ကျွဲပွဲမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး၊ မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်၊ အုတ်ဖိုကျေးရွာအုပ်စု၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ အင်အား(၁၀၀) ဦး ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။


ခင်ခင်မာ 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)