တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံ


MNP ၊ အောက်တိုဘာ  ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်နှင့်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အောက်တိုဘာ ၃ ရက် နံနက် ၁၀ နာရီမှ စတင်၍ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးနေသည်။


ထိုသို့ ဆောင်ရွက်ရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှ အသက်(၂)နှစ်နှင့်အောက် ကလေးသူငယ်များကို စာရင်းမှတ်တမ်း ရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသက်အရွယ်အလိုက် ပိုလီယို၊ ပြင်းထန် ဝမ်းပျက်/ဝမ်းလျှောရောဂါ (ရိုတာ)၊ တီဘီကာကွယ်ဆေး(ဘီစီဂျီ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ) စသည့်ကာကွယ်ဆေးများကို တိုက်ကျွေး၊ ထိုးနှံပေးခြင်းအား ဆောင်ရွက်ပေးနေပြီး ကျေးရွာအုပ်စုများအထိပါ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။   


 မင်းလွင်ဦး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)