မွန်ပြည်နယ်ဝန်ကြီးချုပ် အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆောင်များ မွမ်းမံပြင်ဆင်နေမှုနှင့် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနေမှု သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆောင်များ မွမ်းမံပြင်ဆင်နေမှုနှင့် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနေမှု သွားရောက်ကြည့်ရှုစစ်ဆေး


MNP ၊ အောက်တိုဘာ ၄

ဩဂုတ် ၄ ရက်က မီးလောင်ကျွမ်းမှုကြောင့် နှစ်ထပ်စာသင် ဆောင်အားတစ်ထပ်ကျောင်းဆောင်အဖြစ်နှင့် သုံးထပ်စာသင်ဆောင်အား နှစ်ထပ်ကျောင်းဆောင်အဖြစ် လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေများကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်း ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူများ စာသင်ကြားမှုအပိုင်းတွင် အခက်အခဲမရှိစေရေးအတွက် အားလုံးဝိုင်းဝန်းကူညီဆောင်ရွက် ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စာသင်ကျောင်းဆောင်များအတွင်း ကလေးငယ်များ ပညာသင်ကြားနေမှုကိုလည်းကောင်း၊ နှစ်ထပ်ကျောင်းဆောင် ပြုပြင်မွမ်းမံနေမှု များကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာတွင် အသစ်ဆောက်လုပ်လျက်ရှိသော အလျားပေ ၁၀၀၊ အနံပေ ၃၀ R.C.C သုံးထပ် အဆောက်အဦသစ် ဆောက်လုပ် ရေးလုပ်ငန်းခွင်သို့ရောက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းမီစွာဖြင့် စေတနာထားဆောက်လုပ်ရန် မှာကြားသည်။

ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်သန်းခေါင်စာရင်း ကော်မတီဝင်များ ပူးပေါင်းပြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းတွင် တစ်ခုအပါအဝင်ဖြစ်သည့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်မှုကို လှည့် လည်ကြည့်ရှုအားပေးပြီး ဒေသခံပြည်သူများအား စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရခြင်းအကြောင်းနှင့် မှန်ကန်စွာဖြေကြားခြင်းဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ရေး ရှင်းလင်းပြောကြားကာ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


သက်နိုင် (မော်လမြိုင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)