MNP ၊ အောက်တိုဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် နတ်မောက်မြို့နယ် ကျေးရွာ (၂)ရွာရှိ လုပ်ငန်းရှင် တောင်သူ(၁၉၉)ဦးအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်သမဝါယမလီမိတက်အသင်းတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုတို့က တိုင်းဒေသကြီးနိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ၏ အရင်းမပျောက်မတည်ချေးငွေထုတ်ချေးခြင်းအကြောင်း သိကောင်းစရာများနှင့် စိုက်ပျိုးရေးကဏ္ဍ အထွက်နှုန်းတိုးတက်စေရေး ပြုလုပ်ကြရန် စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ နတ်မောက်မြို့နယ်ရှိ တွင်းကြီးကျေးရွာ၊ ဂွေးတောက်ကုန်းကျေးရွာများရှိ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် MSMEs ကဏ္ဍမှ လျှောက်ထားသူလုပ်ငန်းရှင်(တောင်သူ)များအတွက် တစ်ဧကလျှင် (၂)သိန်းနှုန်းဖြင့် (၁၉၉)ဦးတို့အား ငွေကျပ်(၄၄၇)သိန်းကို ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ တာဝန်ရှိသူများက လုပ်ငန်းရှင် (တောင်သူ)များသို့ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
လှဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment