ဇေယျာသီရိမြိုနယ်၌ စားသုံးဆီတစ်ပိဿာလျှင် ၅၁၀၀ ကျပ်နှုန်းဖြင့် ပိဿာချိန် ၆၀၀ စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇေယျာသီရိမြိုနယ်၌ စားသုံးဆီတစ်ပိဿာလျှင် ၅၁၀၀ ကျပ်နှုန်းဖြင့် ပိဿာချိန် ၆၀၀ စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေး



MNP ၊ အောက်တိုဘာ  ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် စားသုံးဆီတစ်ပိဿာလျှင် ၅၁၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက် ယနေ့နံက်ပိုင်းတွင် ရောင်းချပေးလျက်ရှိသည်။


အဆိုပါရောင်းချမှုတွင် ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် မြန်မာ နိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများအသင်း ပျဉ်းမနားမြို့နယ် ရွှေပြည်စိုးဆီပွဲရုံမှ တာဝန်ရှိ သူများက ဇေယျာသီရိမြိုနယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ စားသုံးဆီများ ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့တွင် ဇေယျာသီရိမြို့နယ် သာယာကုန်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာနှင့် ရုံးပင်ဇောင်းကျေးရွာများရှိ ပြည်သူများအား စားသုံးဆီတစ်ပိဿာ ၅၁၀၀ ကျပ်နှုန်းဖြင့် ဆီပိဿာချိန် ၆၀၀ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထွန်းလင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)