နတ်မောက်မြို့နယ် ချည်မျှင်ရှည်ဝါ ရွှေတောင်- ၁၀ မျိုးစေ့ထုတ်ဧက (၁၀၀) အောင်မြင်ဖြစ်ထွန်းမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ် ချည်မျှင်ရှည်ဝါ ရွှေတောင်- ၁၀ မျိုးစေ့ထုတ်ဧက (၁၀၀) အောင်မြင်ဖြစ်ထွန်းမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေး


MNP ၊ အောက်တိုဘာ   ၁၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ရွာမွန်ကျေးရွာရှိစိုက်ပျိုးထားသော ချည်မျှင်ရှည်ဝါ ရွှေတောင်-၁၀ မျိုးစေ့ထုတ်ဧက(၁၀၀) အောင်မြင်ဖြစ်ထွန်းမှုအခြေအနေအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် စီးပွားရေးတွက်ခြေကိုက်၍ ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် ချည်မျှင်ရှည်ဝါများကို စိုက်ပျိုးလျက်ရှိရာ ရွာမွန်ကျေးရွာအုပ်စုတွင် ချည်မျှင်ရှည်ဝါ ရွှေတောင်-၁၀ မျိုးစေ့ထုတ်ဧက(၁၀၀) စိုက်ပျိုးထားပြီး စိုက်ပျိုးပြီးဧကအားလုံး တစ်ဧကပန်းတိုင်အထွက်နှုန်း ကောင်းမွန်ရေး၊ စိုက်ပျိုးပြီးဧကများအား အပင်သက်တမ်းတစ်လျှောက် ကြီးထွားမှုအဆင့်တိုင်း ပိုးမွှားကင်းစင်ရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေး ဒေသခံတောင်သူများနှင့်ပေါင်းစပ်၍ ဆောင်ရွက်လျက်ရှိသည်။


နတ်မောက်မြို့နယ်၌ ၂၀၂၃-ခုနှစ်တွင် (၂၆၆၃၁)ဧက စိုက်ပျိုးထားရှိပြီး ချည်မျှင်ရှည်ဝါ တစ်ဧကအထွက်နှုန်း တိုးတက်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ အထွက်တိုးဇုန်များ၊ မျိုးစေ့ထုတ်ဇုန်များ ဆောင်ရွက်လျက်ရှိပြီး ရွာမွန်ကျေးရွာတွင် ရွှေတောင်-၁၀ မျိုးစေ့ထုတ်ဧက(၁၀၀)အောင်မြင်ဖြစ်ထွန်းမှုအခြေအနေများကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးငွေစန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


မူမူစန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)