လူမှုဖူလုံရေးအဖွဲ့၏ ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူမှုဖူလုံရေးအဖွဲ့၏ ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ


MNP ၊ အောက်တိုဘာ ၂

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)စုဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်ဆိုင်ရာ အသိပညာရပ်များကို လက်တွေ့လုပ်ငန်းခွင်တွင် ကျင့်သုံးပြီး စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းဖြင့် မိမိ၏စွမ်းရည်နှင့် ကျွမ်းကျင်မှုများကို မြှင့်တင်သွားရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏အကျိုး၊ ဝန်ကြီးဌာန၏အကျိုးအတွက် လူမှုဖူလုံရေးအဖွဲ့၏ ‌မျှော်မှန်းချက်ဖြစ်သည့် လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံးအကျုံးဝင်သည့် စီမံကိန်းဖြစ်လာစေရန်နှင့် နိုင်ငံတကာအဆင့် လူမှုဖူလုံရေးစနစ်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် ဝန်ထမ်းများအနေဖြင့် အရည်အချင်းပြည့်ဝကျွမ်းကျင်မှု၊ လုံ့လဝီရိယနှင့် တာဝန်ကျေပွန်မှု၊ စိတ်ဓာတ်နှင့် စည်းကမ်းများ ကောင်းမွန်ပြီး အားသွန်ခွန်စိုက်လိုက်ပါဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်မွမ်းမံသင်တန်း သင်ကြားပို့ချနေမှုကို ကြည့်ရှုအားပေးသည်။

အဆိုပါသင်တန်းကို လူမှုဖူလုံရေးအဖွဲ့လက်အောက်ရှိ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်မြို့နယ်ရုံးခွဲများမှ ဒုတိယဦးစီးမှူးအဆင့်ရှိ သင်တန်းသား (၇၅) ဦးကို Hybrid Training ပုံစံဖြင့် အောက်တိုဘာ ၂ ရက်မှ ၁၃ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)