MNP ၊ အောက်တိုဘာ ၁၇
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်းရှိ ပြည်သူများမီးပေါ့ဆမှုမရှိရေးနှင့် ပွင့်လင်း ရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း လှည့် လည် အသိပေးနှိုးဆော်လျှက်ရှိသည်။
ထို့သို့ အသိပေးနှိုးဆော်ခြင်းကိုမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးအောင်သန်းဌေး၏ ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ပူပြင်းခြောက် သွေ့သော ရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးကို အထူးဂရုပြုသုံးစွဲရေး၊ သတ်မှတ်ထားသည့် မီးသုံးစွဲချိန်အတိုင်း အသုံးပြုရေး၊ နေအိမ်အတွင်း/ အပြင် အမှိုက်များ ရှင်းလင်းရေး၊ မီးလောင်လွယ်သည့် စက်သုံးဆီ၊ လောင်စာဆီများ သိုလှောင် ထားခြင်းမပြုရေး၊ မီးကြွင်း၊ မီးကျန်များ စနစ်တကျ ငြိမ်းသတ်ထားရှိစေရေး၊ ဟောင်းနွမ်း လျှပ် စစ်ဝိုင်ယာကြိုးများအား လဲလှယ်သုံးပြုကြစေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပစ္စည်းများ ဖြစ်သော ရေကန်၊ သဲအိတ်၊ မီးချိတ်၊ မီးကတ် နှင့် မီးသတ်ဆေးဗူးများထားရှိရေးနှင့် ပြည်သူများ မီးပေါ့ဆမှုမရှိရေးတို့ကို လှည့် လည် အသိပေးနှိုးဆော်ခဲ့သည်။
အမ်းမြို့နယ်၌ မိဘပြည်သူများ မီး ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်အတွက် မီးသုံးစွဲခြင်း စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိ ကို မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ များနှင့် ရပ်ကွက်တွင်းရှိ မီးသုံးစွဲမှုများ
သော စားသောက်ဆိုင်၊ထမင်းဆိုင်များအား ေရှာင်တခင်ဝင်ရောက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment