လှည်းကူးမြို့နယ်တွင် ငမိုးရိပ်ချောင်းကူးတံတား တည်ဆောက်နေသည့်နေရာ၌ အမှိုက်များရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ်တွင် ငမိုးရိပ်ချောင်းကူးတံတား တည်ဆောက်နေသည့်နေရာ၌ အမှိုက်များရှင်းလင်း




MNP ၊ အောက်တိုဘာ  ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ငမိုးရိပ်ချောင်းကူးတံတား တည်ဆောက်နေသည့်နေရာ၌ ချောင်းရေစီးဆင်းမှု အဟန့်အတားဖြစ်စေသည့် အမှိုက်များ ရှင်းလင်းခြင်းကို ယနေ့နံနက် ၈ နာရီက တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူးဦးဆောင်၍ လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်၊ ရွှေပြည်သာမြို့နယ်တို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃၀)ဦး၊ စုစုပေါင်းမီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦးတို့က ငမိုးရိပ်ချောင်းကူးတံတား တည်ဆောက်နေသည့်နေရာ၌ ချောင်းရေစီးဆင်းမှု အဟန့်အတားဖြစ်စေသည့် အမှိုက်များကို ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရှိရသည်။


အေးအေးနွဲ့ 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)