ကသာမြို့နယ်တွင် ဝန်ထမ်းများအား ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် စားအုန်းဆီများ ရောင်းချပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကသာမြို့နယ်တွင် ဝန်ထမ်းများအား ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် စားအုန်းဆီများ ရောင်းချပေး

14


MNP ၊ အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုဖြင့်  ကသာမြို့တွင် ဝန်ထမ်းများအား စားအုန်းဆီကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယမန်နေ့နံနက် (၉) နာရီအချိန်က ခရိုင်စုပေါင်းရုံးကြီးအတွင်း၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါ စားအုန်းဆီများရောင်းချပေးရာတွင် လူတစ်ဦးလျှင် စားအုန်းဆီ (၁) ပိဿာကို ငွေကျပ် ၅၇၅၀ နှုန်းဖြင့် ဝန်ထမ်းများအား လက်ဝယ်အရောက် ရောင်းချပေးခဲ့သည်။ စားအုန်းဆီ ရောင်းချပေးနေမှုကို ခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်းရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


တန်ဖိုးသင့်စားအုန်းဆီ ရောင်းချပေးခြင်းကို ကသာခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ် မှုဖြင့် အောက်တိုဘာလအတွင်း ဌာနဆိုင်ရာဝန်ထမ်းများအတွက် (၅)ကြိမ်ခွဲ၍လည်းကောင်း၊ ပြည်သူများ အတွက် (၄)ကြိမ်နှင့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား (၃)ကြိမ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။


ကျော်စွာထွန်း

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages