ဂွမြို့ ဒေါင့်ချောင်း အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့ ဒေါင့်ချောင်း အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ






MNP ၊ အောက်တိုဘာ  ၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာန တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့  မွန်းလွဲ ၁နာရီခွဲက ဂွမြို့၊ ဒေါင့်ချောင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


 ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လူငယ်စကားဝိုင်းကျင်းပရခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများ လူငယ် စကားဝိုင်းမှ အသိပညာ၊ ဗဟုသုတများပိုမို ရရှိစေပြီးတစ်ဦးနှင့် တစ်ဦးအသိပညာအတွေ့အကြုံ ဖလှယ်ဆွေးနွေးခြင်းဖြင့် လူငယ်အချင်းချင်း ရင်းနှီးမှုများရရှိကာ နုတ်မှုစွမ်းရည်ပြည့်ဝလာမည်ဖြစ်ကြောင်း  လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်ဝင်းက လူငယ်နှင့်အားကစားကဏ္ဍ အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီးဒေါင့်ချောင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ Grade-10ကျောင်းသား / ကျောင်သူများ ဖြစ်ကြသော မောင် ညိမ်းညိမ်းချမ်းအောင်က လူငယ်နှင့်အားကစားဖွံ့ဖြိုးတိုးတက်မှု၊ မောင်အောင်မျိုးပိုင်က လူငယ်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ မခင်သီတာမောင်က  ပညာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်မှု၊ မနှင်းအိဝေက ပညာရေးနှင့် ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှု အကြောင်း စသည့် ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြကြောင်းသိရသည်။ ထို့နောက် ဒေါင့်ချောင်း အ.ထ.က(ခွဲ) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းနုက လူငယ်စကားဝိုင်းအား ပူးပေါင်းဆောင်ရွက်ရသည့်အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။


    အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဒေါင့်ချောင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မှ  ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူများတက်ရောက်ခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင် အား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများကစိတ်ပါဝင်စားစွာလေ့လာကြည့်ရှု့ခဲ့ကြကြောင်းသိရသည်။


 ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)