တိုက်ကြီးမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကျ​ရောက်လာပါက တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှု​လျော့နည်း​စေရန်အတွက် ​မွေးမြူ​တောင်သူများကို ကြိုတင်ပြင်ဆင်နိုင်​ရေး အသိပညာပေးဟောပြောပွဲနှင့် နွားများကိုကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ကြီးမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကျ​ရောက်လာပါက တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှု​လျော့နည်း​စေရန်အတွက် ​မွေးမြူ​တောင်သူများကို ကြိုတင်ပြင်ဆင်နိုင်​ရေး အသိပညာပေးဟောပြောပွဲနှင့် နွားများကိုကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံ



MNP ၊ အောက်တိုဘာ   ၁၀

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ပြင်ဆင်နိုင်စေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် ကျ​ရောက်လာပါက တိရစ္ဆာန်များထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရန်အတွက် မွေးမြူတောင်သူများကို ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် နွားများကို ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခြင်းကို အောက်တိုဘာ ၈ ရက်နေ့နံနက် ၁၀ နာရီက တိုက်ကြီးမြို့နယ် ကွမ်းခြံကုန်းကျေးရွာအုပ်စု အုန်းပင်စုကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်သည်။


ဟောပြောပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး တိုင်းဦးစီးမှူး ဒေါက်တာအောင်မြင့်ဟန်က မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ တိရစ္ဆာန်များအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည့် နည်းလမ်းများအကြောင်း၊ သဘာဝဘေးအန္တရာယ်မကျရောက်မှီ ကြိုတင်ပြင်ဆင်ရမည့် အချက်များအ​ကြောင်း၊ သဘာဝဘေးအန္တရာယ် ကျ​ရောက်​နေစဉ်​ဆောင်ရွက်ရမည့် အချက်များအ​ကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်​ပြီးပါက ပြန်လည်ထူ​ထောင်​ရေး လုပ်ငန်းများ​ဆောင်ရွက်ရမည့်အ​ကြောင်း၊ သဘာဝဘေးအန္တရာယ်အ​ကြောင်း သိကောင်းစရာများနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများကို ဟောပြောသည်။ ထို့နောက် တက်ရောက်လာကြသည့် ပြည်သူများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် အသီးသီးပြန်လည်ဖြေကြားသည်။


ဆက်လက်၍ ကျေးရွာအတွင်းရှိ နွားများကို ဖြစ်ပေါ်လေ့ရှိသည့် ရောဂါများမှ ကာကွယ်နိုင်ရေးအတွက်  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုက်ကြီးမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဒေါက်တာချမ်းမြေ့ကျော်နှင့် ဝန်ထမ်းများက နွားကောင်ရေ (၁၅၀)အား လည်ချောင်းကွဲရောဂါ ကြိုတင်ကာကွယ်ဆေးများကို စနစ်တကျကွင်းဆင်း ထိုးနှံပေးနေသည်များကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး တိုင်းဦးစီးမှူး ဒေါက်တာအောင်မြင့်ဟန်က ကြည့်ရှုအား​ပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့​ကြောင်း သိရသည်။


စန်းကလျာခိုင် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)