ပရီးမီးယားလိဂ်ပွဲစဉ် ၈ တနင်္ဂနွေနေ့ညပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပရီးမီးယားလိဂ်ပွဲစဉ် ၈ တနင်္ဂနွေနေ့ညပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက်



MNP - စက်တင်ဘာ ၂၃


ပရီးမီးယားလိဂ်ပွဲစဉ် ၈အဖြစ် တနင်္ဂနွေနေ့(ယနေ့)ညမှာ ပရီးမီးယားလိဂ်ပွဲစဉ်၄ပွဲ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပွဲကြီးပွဲကောင်းအဖြစ် အာဆင်နယ်အသင်းနှင့် မန်ချက်စတာစီးတီးအသင်းတို့ရဲ့ ပွဲစဉ် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။


ဘရိုက်တန် - လီဗာပူးလ် (ယနေ့ည မြန်မာစံတော်ချိန် ၇:၃၀)

ဘရိုက်တန်အသင်းနှင့် လီဗာပူးလ်အသင်းတို့ဟာ ဘရိုက်တန်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။နှစ်သင်းစလုံးက ဒဏ်ရာရထားတဲ့ ကျားနာတွေလို ဖြစ်နေတယ်။ဘရိုက်တန်ကလည်း ပြီးခဲ့တဲ့အပတ်က ဗီလာကို ဂိုးပြတ်ရှုံးထားသလို လီဗာပူးလ်ကလည်း ကွင်းလယ်ဒိုင်နဲ့ VARဒိုင်တို့ ပေါ့ဆမှုကြောင့် စပါးကို နောက်ဆုံးမိနစ်မှာ ရှုံးထားတယ်။နှစ်သင်းလုံးအပြန်အလှန် သွင်းဂိုးတွေနဲ့ ပေါက်ကွဲကြလိမ့်မယ်။လူအင်အားအရရော၊အခြေအနေတွေအရရော ပေါက်ကွဲအားပိုမြင့်တဲ့ လီဗာပူးလ်တို့ ဖလားလုဖက် အာဆင်နယ်နဲ့ မန်စီးတီးတို့ ထပ်တိုက်တွေနေချိန် မဖြစ်မနေ နိုင်ပွဲရယူသွားလိမ့်မယ်။(ခန့်မှန်းရလဒ် ဘရိုက်တန် ၂ - ၃ လီဗာပူးလ်)


ဝက်စ်ဟမ်း - နယူးကာဆယ် (ယနေ့ည မြန်မာစံတော်ချိန် ၇:၃၀)

ဝက်စ်ဟမ်းအသင်းနှင့် နယူးကာဆယ်အသင်းတို့ဟာ ဝက်စ်ဟမ်းအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ဝက်စ်ဟမ်းဟာ လက်ရှိမှာ အမှတ်လိုနေတဲ့ ကာဆယ်ရဲ့ စိတ်ဓာတ်ကို ယှဉ်နိုင်ဖို့မလွယ်ဘူး။အိမ်ကွင်းဖြစ်တာကြောင့် ဝက်စ်ဟမ်းအတွက် အမြင့်ဆုံးသရေဘဲ။ငှက်ကျားတို့ကတော့ လောလောလတ်လတ် ချန်ပီယံလိဂ်မှာ PSGကို အနိုင်ကန်ထားတဲ့စိတ်ဓာတ်ပိုင်းက တူနှစ်လက်ကို အဝေးကွင်းမှာ ချေမှုန်းဖို့ လုံလောက်တယ်။နယူးကာဆယ်တို့ ကပ်နိုင်လိမ့်မယ်။(ခန့်မှန်းရလဒ် ဝက်စ်ဟမ်း ၁ - ၂ နယူးကာဆယ်)


ဝုလ်ဗ် - အက်စတွန်ဗီလာ (ယနေ့ည မြန်မာစံတော်ချိန် ၇:၃၀)

ဝူဗာဟမ်တန်အသင်းနှင့် အက်စတွန်ဗီလာအသင်းတို့ဟာ ဝုလ်ဗ်အိမ်ကွင်း မော်လင်နူးမှာ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ဝုလ်ဗ်ရဲ့ မာဂုဏ်ဟာ လက်ရှိအချိန်ထိ ရှင်သန်ဆဲဆိုတာ စီးတီးနဲ့ပွဲမှာ ပြခဲ့ပြီးပြီ။ဒါပေမယ့် ဝုလ်ဗ်မှာ ဂိုးရနိုင်စရာဆိုလို ပက်ဒရို နက်တိုဆိုတဲ့ လက်နက်ကလွဲရင် မျှော်လင့်ချင်စရာမရှိ။ဗီလာကလည်း ကစားသမားကောင်းတွေအများကြီးရှိတယ် ဆိုပေမယ့် မိုးထဲရေထဲဆို ဝက်ကင်းခ် တစ်ယောက်ရှိတာကြောင့် မာကျောတဲ့ဝုလ်ဗ်ခံစစ်အတွက် သရေတစ်မှတ်လုံလောက်ပါတယ်။(ခန့်မှန်းရလဒ် ဝုလ်ဗ် ၁ - ၁ အက်စတွန်ဗီလာ)


အာဆင်နယ် - မန်စီးတီး (ယနေ့ည မြန်မာစံတော်ချိန် ၁၀:၃၀)

အာဆင်နယ်အသင်းနှင့် မန်ချက်စတာစီးတီးအသင်းတို့ဟာ အာဆင်နယ်အိမ်ကွင်း အမ်းမရိတ်မှာ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။အာဆင်နယ်ဟာ မန်စီးတီးကို ယှဉ်ဖို့ တန်းရှိပြီဆိုတာ ကွန်မြူနတီဒိုင်းပြသခဲ့ပြီးပြီ။ဒီတစ်ခေါက်တွေ့ဆုံမှုမှာ အရင်လို မန်စီးတီးကို ရှိန်နေတတ်တဲ့ အာဆင်နယ်မျိုးမဟုတ်ဘဲ အကြောက်တရားကင်းတဲ့ အာဆင်နယ်ကို မြင်၇လိမ့်မယ်။ ရာသီတည်းက အရှိန်အဟုန်ကောင်းကောင်းနဲ့ လည်ပတ်နေတဲ့ စက်တစ်လုံးဟာ ပြီးခဲ့တဲ့ အပတ်မှာ ရပ်သွားတယ်။ဒီအရာကို ပြုပြင်ပြီး ချက်ချင်းရမယ့်အသင်းဟာ သူတို့ပြီးရင် ဒုတိယအကောင်းဆုံး အာဆင်နယ်ဖြစ်နေလေတော့ ထင်သလောက် ဆရာပတ်အတွက် ထင်သလောက်ကူပါ့မလား။စှီတီဇင်တို့ ရေနစ်တိုင်း ဘယ်ကမှန်းမသိ ပေါ်လာတဲ့ မေခလာ(ရိုဒရီ)ဟာ ပွဲပယ်ခံထားရတယ်။အိမ်ကွင်းမှာ အကြောက်တရားကင်းစင်နေတဲ့ ဂန်းနားချာတိတ်တို့ အဖိုးတန်သုံးမှတ်ကို ခက်ခက်ခဲခဲရယူလိမ့်မယ်။(ခန့်မှန်းရလဒ် အာဆင်နယ် ၂ - ၁ မန်စီးတီး)


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)