ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာနှစ်ရွာ ဆက်သွယ်ထားသည့်လမ်း ချောင်းရေတိုက်စားမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာနှစ်ရွာ ဆက်သွယ်ထားသည့်လမ်း ချောင်းရေတိုက်စားမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး




MNP ၊ အောက်တိုဘာ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ယမန်နေ့ နံနက် ၆နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘုရားတောင်ကျေးရွာနှင့် ပိုတက်ကျေးရွာ ကျေးရွာချင်းဆက်လမ်းအား ချောင်းရေတိုက်စားမှုဖြစ်ပွားခဲ့ရာ လမ်းသား(အလျား ၁၅၀ ပေ၊  အနံ ၅ ပေ)ပျက်စီးခဲ့သည်။


ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးမင်း၊ မြို့နယ်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ရဲကို၊  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလှိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက် ၁၀ နာရီခွဲက ရေတိုက်စားမှု ဖြစ်ပွားရာနေရာသို့ ရောက်ရှိပြီး ကြည့်ရှုစစ်ဆေးပြီး ယခုလမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရေးအတွက် ကျေးရွာအစီအစဉ်ဖြင့် မျှောတိုင်ရိုက်ခြင်း၊ သဲအိတ်များစီထပ်ကာရံ၍ ယာယီပြင်ဆင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊  ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သဘာဝဘေးရန်ပုံငွေ တင်ပြတောင်ခံပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါလမ်းမှာ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီငွေလုံးငွေရင်းရန်ပုံငွေ ၁၉၃ ဒသမ ၈၀ ကျပ်သန်းဖြင့် အောင်လံသစ်ကုမ္ပဏီမှ တင်ဒါအောင်မြင်ဆောင်ရွက်ထားရှိသည့် ဘုရားတောင်ကျေးရွာနှင့် ပိုတက်ကျေးရွာချင်းဆက်ကျောက်ချောလမ်း(2.13km) အရှည် Class B အမျိုးအစားဖြစ်ပြီး ကျေးရွာနှစ်ရွာ၊ အိမ်ခြေ ၅၉၂ အိမ်၊ လူဦးရေ ၂၃၇၃ ဦး အကျိုးပြုလျက်ရှိကြောင်း သိရသည်။


အောင်မျိုးဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)