MNP ၊ အောက်တိုဘာ ၂၃
CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ သွေးထိုးလှုံ့ဆော်မှုများနောက်တွင် လိုက်ပါပြီး အကြမ်းဖက်လှုံ့ဆော်မှုများ၊ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေကြသူများကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် မြို့နယ်များတွင် ဖမ်းဆီးရမိသူများကို စစ်ခုံရုံးတွင် စစ်ဆေးပြီး ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။
၁၉-၁၀-၂၀၂၃ ရက်နေ့တွင် စစ်အုပ်ချုပ်ရေး (Martial Law)ကြေညာထားသည့် ယင်းမာပင်မြို့နယ်မှ တရားခံ(၂)ဦးအား စစ်ခုံရုံးဖြင့်စစ်ဆေးခဲ့ပြီး ဖော်ပြပါအတိုင်း ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
ပုလဲမြို့နယ်တွင် နေထိုင်လျက်ရှိပြီး ရှောက်ရင်းကုန်းကျေးရွာနေ အန်တီအေး (ခ)ဒေါ်အေး၏ စေခိုင်းချက်အရ ယင်းမာပင်မြို့နယ်မှ PDF အကြမ်းဖက်သမားများထံ အကြိမ်ကြိမ်ရိက္ခာပိုဆောင်ထောက်ပံ့ပေးခဲ့ခြင်းနှင့် အန်တီအေး(ခ) ဒေါ်အေး သည် PDFအကြမ်းဖက်သမားများအား ရိက္ခာများဝယ်ယူ၍ ထောက်ပံ့ပေးနေ ကြောင်းသိရှိသော်လည်း တာဝန်ရှိသူများထံ သတင်းပိုရန် ပျက်ကွက်ခဲ့သည့် တရားခံ ဇေယျာမျိုး(ခ)စောရန်နိုင်နှင့် သန်းဇော်လင်း တို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(ခ)အရ ထောင်ဒဏ်တစ်သက် ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့နယ်တွင် နေထိုင်လျက်ရှိပြီး မူးယစ်ဆေးဝါး(သို့) စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများကိုရောင်းချခြင်းနှင့် လက်ဝယ်ထားရှိခြင်းများပြုလုပ်ခဲ့သော တရားခံ ဖန်းအောင် အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က) အရ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့နယ်တွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရာတွင်အခြားသူများပါဝင်လာစေရန် ဝါဒဖြန့်လှုံ့ဆော်ခြင်း၊ PDF အကြမ်းဖက်သမားများ ရီမုမိုင်းထောင်နေစဉ် လုံခြုံရေးအဖွဲ့ များ၏ အခြေအနေအား စောင့်ကြည့်ပေးခြင်းနှင့် လုံခြုံရေးအဖွဲ့များ၏ လှည့်ကင်း ယာဉ်တန်းအား စောင့်ကြည့်၍ PDF အကြမ်းဖက်သမားများထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုပေးခြင်းများပြုလုပ်ခဲ့သည့် တရားခံ မင်းခန့်ကျော်(ခ)ပေါက်ကြီး အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ဈ)၊ ၅၂(က) အရ ထောင်ဒဏ်တစ်သက်ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့နယ်တွင် နေထိုင်လျက်ရှိပြီး အသက်မပြည့်သေးသည့် မယားပါသမီး အား အလိုမတူဘဲ သားမယားအဖြစ် ၃ ကြိမ်ပြုလုပ်ပြီး မုဒိန်းမှုကျူးလွန်ခဲ့သော တရားခံ တင်မျိုးထွန်းအား ရာဇသတ်ကြီးပုဒ်မ ၃၇၆(၁) အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂၀ နှစ် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်တွင် နေထိုင်လျက်ရှိပြီး လက်နက်ကိုင်အကြမ်းဖက် လုပ်ငန်းများလုပ်ကိုင်နေသည့် ကဒူး PDF အကြမ်းဖက်အဖွဲ့မှ ဦးဆောင်ဖွင့်လှစ်သည့် အခြေခံစစ်သင်တန်းအား ၂ လကြာတက်ရောက်ခဲ့ခြင်းနှင့် KIA စခန်းကုန်း များတွင် လက်နက်ကိုင်နေထိုင်ခြင်းများ ပြုလုပ်ခဲ့သည့် တရားခံ မြတ်နိုးဝေ အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၇ နှစ်ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။
၂၀-၁၀-၂၀၂၃ ရက်နေ့က ဗန်းမောက်မြို့နယ်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့ဝင် မျိုးဇော်သူ(ခ)ညီညီ၏ စေခိုင်းချက်အရ ကျေးရွာများအတွင်းရှိ ရွှေလုပ်ငန်းရှင်များထံမှ ဆက်ကြေးကောက်ခံ၍ အကြမ်းဖက်သမားများအတွက် ရိက္ခာများဝယ်ယူ ပို့ဆောင်ပေးခြင်းနှင့် လုံခြုံရေးအဖွဲ့များ၏ လှုပ်ရှားသွားလာမှု သတင်းများ၊ နယ်မြေ အခြေအနေများအား တယ်လီဖုန်းဖြင့် ဆက်သွယ်ပေးပို့ခြင်းများ ပြုလုပ်ခဲ့သည့် တရားခံ သန်းနိုင်ဦး(ခ)အောင်ဦး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က) အရ ထောင်ဒဏ်တစ်သက် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။
၂၀-၁၀-၂၀၂၃ ရက်နေ့က အင်းတော်မြို့နယ်တွင် နေထိုင်လျက်ရှိပြီး CRPH, NUG လက်ဝေခံ ဦးစိန်ကြီး ၏ စေခိုင်းချက်အရ စည်ပင်အခွန် ၂ လ ကောက်ခံပေးခြင်း၊ NUG စာသင်ကျောင်းတွင် လုပ်အားပေး ကျောင်းဆရာပြုလုပ်ခြင်း၊ PDF အကြမ်းဖက်သမားများ နတ်စင်ကျွန်း တောဘက်တွင် လှုပ်ရှားနေကြောင်း သိရှိပါလျက် သတင်းပို့ရန် ပျက်ကွက်ခဲ့သည့် တရားခံ ဟိဏ်းမင်းသူ(ခ)အာနိုး အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က)၊ ၅၂(ခ) တို့အရ ထောင်ဒဏ်တစ်သက် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။
၂၀-၁၀-၂၀၂၃ ရက်နေ့က အင်းတော်မြို့နယ်တွင် နေထိုင်လျက်ရှိပြီး ကျွဲကောလေးကျေးရွာမှ PDF အကြမ်းဖက်အဖွဲ့ဝင်များနှင့် အကြိမ်ကြိမ်တွေ့ဆုံခဲ့ပြီး အင်းတော်မြိုပေါ်ရှိ လုံခြုံရေးအဖွဲ့များ၏ လှုပ်ရှားမှုသတင်းများအား စောင့်ကြည့်ပေးခြင်းများပြုလုပ်ခဲ့သည့် တရားခံ ဂျုံးဂျုံးကျော်ဇင် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) အရ အလုပ်ကြမ်း နှင့်ထောင်ဒဏ် ၇ နှစ် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။
၂၀-၁၀-၂၀၂၃ ရက်နေ့က အင်းတော်မြို့နယ်တွင် နေထိုင်လျက်ရှိပြီး လက်နက်ကိုင်အကြမ်းဖက် လုပ်ငန်းများ လုပ်ကိုင်နေသည့် PDF အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့ခြင်း၊ PDF အကြမ်းဖက်အဖွဲ့ဝင်များနှင့်အတူ တရားမဝင်စစ်ဆေးရေးဂိတ်တွင် ငွေကြေး ကောက်ခံခြင်း၊ ကျေးရွာများရှိ သစ်စက်များ၊ ရွှေမှော်လုပ်ငန်းရှင်များထံမှ တရားမဝင် ဆက်ကြေးကောက်ခံပေးခြင်းများ ပြုလုပ်ခဲ့သည့် တရားခံ ဇော်မြင့်ထွန်း အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့အရ ထောင်ဒဏ်တစ်သက် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။
စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း ပြစ်မှုကျူးလွန်သူများအား စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သူ (၂၈၅) ဦးအား ပြစ်ဒဏ်များ ချမှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment