မြန်မာ - ကာဇက်စတန် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ - ကာဇက်စတန် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေး


MNP ၊ အောက်တိုဘာ ၆

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ပထမအကြိမ်စွမ်းအင်ဖိုရမ် (First Energy forum of the Shanghai Cooperation Organization) သို့တက်ရောက်ရန် ကာဇက်စတန်နိုင်ငံ Astana မြို့သို့ရောက်ရှိနေသော စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်သည် ယမန်နေ့က ကာဇက်စတန်နိုင်ငံ စွမ်းအင်ဝန်ကြီး Mr. Satkaliyev Almassadam နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စများကို ဆွေးနွေးသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က မြန်မာနိုင်ငံတွင် ကျောက်မီးသွေး ထွက်ရှိသော်လည်း ထိရောက်စွာအသုံးချနိုင်ခြင်းမရှိသေးကြောင်း၊ မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရှိနေ၍ ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်ယူရန်လည်း ကြိုးပန်းလျက်ရှိကြောင်း၊ ကာဇက်စတန်နိုင်ငံသည် ကျောက်မီးသွေးထွက်ရှိသော နိုင်ငံဖြစ်သည့်အပြင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းကို ကျောက်မီးသွေးမှ ထုတ်လုပ်လျက်ရှိသည်ဟု သိရကြောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဘဲ ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်ယူနိုင်ရေး နည်းပညာဆိုင်ရာများ၊ Human Resource (HR)ဆိုင်ရာများ၊ အထူးသဖြင့် ရေနံရှာဖွေရေးဘာသာရပ်၊ ရေနံအင်ဂျင်နီယာဘာသာရပ်၊ ရေနံဓာတုဘာသာရပ်များနှင့် သတ္တုဗေဒဘာသာ ရပ်များကို Academic သာမဟုတ်ဘဲ On-job Training သင်တန်းများကူညီပေးနိုင်ရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် ကာဇက်စတန်နိုင်ငံ စွမ်းအင်ဝန်ကြီးက မြန်မာနိုင်ငံ၏စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နောင်တွင်လည်း စွမ်းအင်ဝန်ကြီးများ Bilateral အစည်းအဝေးကျင်းပရန်ရှိပါကြောင်း ပြန်လည်ဆွေးနွေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကာဇက်စတန်နိုင်ငံရှိ Astana မြို့တော်ရှိ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့သွားရောက်၍ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေမည့် သန့်စင်သော ကျောက်မီးသွေးကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုအခြေအနေကို လေ့လာကြည့်ရှုရာ စက်ရုံတာဝန်ရှိသူများက စက်ရုံကို အကြီးစား အဆင့်မြှင့်တင်ခြင်း သုံးကြိမ်ပြုလုပ်ခဲ့ပြီး ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့ နှစ်မျိုးလုံးအသုံးပြုနိုင်သည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံဖြစ်လာခဲ့ကြောင်း၊ စက်ရုံတစ်ရက်လည်ပတ်မှုအတွက် ကျောက်မီးသွေးတန်ချိန် ၄၀၀၀ သို့မဟုတ် သဘာဝဓာတ်ငွေ့ ၈၄ ကုဗပေသန်းလိုအပ်ပြီး တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ၅၁၀ မဂ္ဂါဝပ်ထွက်ရှိကြောင်း၊ လောင်ကျွမ်းပြီး ကျောက်မီးသွေးပြာများကို နည်းပညာအသုံးပြုပြီး အဆင့်ဆင့်သန့်စင်ပါကြောင်း၊ ၉၉ ရာခိုင်နှုန်းသန့်စင်ပြီး လေထုထဲသို့ လွှင့်ထုတ်ပါကြောင်း၊ သဘာဝပတ်ဝန်ကျင်း ထိခိုက်မှုမရှိပါကြောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)