MNP ၊ အောက်တိုဘာ ၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကိုယနေ့ နံနက်(၁၀)နာရီက ( အထက ) မုတ္တမ ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက လူငယ်များသိသင့်သိထိုက်သည့် အကြောင်းအရာများ၊ မိမိဘဝတိုးတက်မှုရရှိလာအောင် စာများများဖတ်ကြပါရန်၊အရွယ်မရောက်သေးသည့် ကလေးငယ်များအားစစ်မှုထမ်းခြင်းမှ ကာကွယ်ရန်၊
မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ယခုခေတ်လူငယ်များ ခံစားနေရသည့် လူကုန်ကူးမှုသည် ခေတ်သစ်ကျေးကျွန်စနစ်အသွင်ဖြင့် ပြန်လည်ပေါ်ပေါက်လာသည့်အတွက် ကျောင်းသား၊ကျောင်းသူများ မိမိကိုယ်ကို ကာကွယ်နေထိုင်ကြရန် ၊လူကုန်ကူးမှုခံရသူ၏ အဆိုးရွားဆုံးပုံစံများ ဆောင်ရန်၊ရှောင်ရန်အချက်များကို ကျောင်းသား/ကျောင်းသူများက လိုက်နာဆောင်ရွက်ကြရန်ဟောပြောခဲ့သည်။
ဆက်လက်၍ ပေါင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှုး ဒေါ်ခင်မျိုးအေး က ဆီးမှန်၊ဝမ်းမှန်၊လေမှန်၊သွေးမှန်စသည့် မှန်လေးမှန်အကြောင်းကို အသေးစိတ်ဆွေးနွေးခဲ့ပြီး ဆရာ၊ဆရာမ များနှင့် ကျောင်းသား၊ကျောင်းသူများအား အခမဲ့ ဆေးကုသမှုပြုလုပ်ပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများ၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့နှင့်ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း သိမှတ်ဖွယ်ရာများ စသည့်အသိပညာပေး နံရံကပ်စာစောင်များ ဓာတ်ပုံများကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment