ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲကျင်းပ

13

14

15

16

17

18


MNP ၊ အောက်တိုဘာ ၂၅

]၂၀၂၃ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံအသက် (၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲကို အောက်တိုဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပသည်။


ဦးစွာ ပြိင်ပွဲဝင်အမျိုးသားအသင်း(၇)သင်း၊ အမျိုးသမီးအသင်း(၇)သင်းတို့မှ အားကစားသမားများသည် ကွင်းအတွင်းနေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အတွင်း မျိုးဆက်သစ် အမျိုးသား/အမျိုးသမီး ဘောလုံးအားကစားသမားများပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစား အဆင့်အတန်းတိုးတက်မြင့်မားလာစေရန် ရည်ရွယ်ကျင်းပသည့်ပြိုင်ပွဲဖြစ်ပြီး ရည်ရွယ်ချက် ပေါက်မြောက်အောင်မြင်နိုင်စေရန် အားလုံးပူးပေါင်းပါဝင်ဖော် ဆောင်သွားကြဖို့ တိုက်တွန်းလိုကြောင်း၊ ယခုပြိုင်ပွဲကိုကျင်းပပေးခြင်းဖြင့် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ အားကစားမောင်မယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေမည်ဖြစ်ပြီး ရိုးရိုးသားသား သန့်သန့်ရှင်းရှင်း ကြိုးကြိုးစားစား အားကစားစိတ်ဓာတ်အပြည့်အဝနှင့် ယှဉ်ပြိုင်ခြင်းဖြင့် အားကစားပြိုင်ပွဲ၏ အနှစ်သာရကို ရရှိစေမည်ဖြစ်ကြောင်း၊ အခြေခံ ပညာကျောင်းအသီးသီးမှ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် သတ်မှတ်ထားသော ဘောလုံးစည်းမျဉ်း/စည်းကမ်း ဥပဒေဘောင်အတွင်းမှ မိမိတို့မြို့နယ်အသင်း အနိုင်ရအောင် ဒိုင်လူကြီးများ၏ အဆုံအဖြတ်များကို လေးစားလိုက်နာပြီး အကောင်းဆုံးယှဉ်ပြိုင် ကစားသွားကြရန် တိုက်တွန်းပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြည်နယ်ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ များရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်က ပညာရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်အခြေခံပညာ ကျောင်းသားအားကစားပြိုင်ပွဲကုန်ကျစရိတ် ငွေကျပ် ၂၉၉၀၁၆၀၀ (နှစ်ရာကိုးဆယ်ကိုးသိန်း တစ်ထောင့်ခြောက်ရာကျပ်)ကို ပြည်နယ်ပညာရေးမှူးထံ ထောက်ပံ့ပေးအပ်သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြိုင်ပွဲဝင်မြို့နယ်(၇)မြို့နယ်မှ အားကစားသမားများအတွက် ဘောလုံးများထောက်ပံ့ပေးအပ်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက မြို့နယ်(၇)မြို့နယ်မှ ကျောင်းသားအားကစားအဖွဲ့များအား ငွေကျပ် ၃၆၈၂၀၀၀၀(သုံးရာခြောက်ဆယ်ရှစ်သိန်း နှစ်သောင်းကျပ်)ကို ထောက်ပံ့ပေးအပ်ကြကာ ပြည်နယ် ဝန်ကြီးချုပ်က ပြိုင်ပွဲတွင်ကူညီတီးခတ်ဖျော်ဖြေပေးပါသော အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းမှ ဘင်ခရာ၊ပန်းပွားအဖွဲ့များအား ဂုဏ်ပြုငွေတစ်သိန်းကျပ်စီ ပေးအပ်ချီးမြှင့်၍ ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးဦးစသိန်းကျော်က ဒိုင်အဖွဲ့နှင့်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့အား ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်သည်။


ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ ကွင်းအတွင်းမှ စစ်ကြောင်း ပုံစံဖြင့် ပြန်လည်ထွက်ခွာခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကျောင်းသား၊ကျောင်းသူဆရာ၊ဆရာမများ၊ အားကစားဝါသနာရှင်များက အဖွင့်ပွဲစဉ်အဖြစ် ဘားအံမြို့နယ်အမျိုးသားဘောလုံးအသင်းနှင့် သံတောင်မြို့နယ်အမျိုးသားဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြကာ အဆိုပါပွဲစဉ်တွင် ဘားအံမြို့နယ်အသင်းက ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages