MNP ၊ အောက်တိုဘာ ၂၀
ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် ၊မြို့မတောင်ရပ်ကွက်နေသူတစ်ဦးထံမှ အောက်တိုဘာ ၁၉ ရက်နေ့ နံနက် (၂၁:၃၀ ) အချိန် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သတင်းအရ မြို့မတောင်ရပ်ကွက် ၊ ငါးခူရလမ်း ကြားတွင် စောင့်ဆိုင်းနေစဉ် မောင်နီရပ်ကွက်နေသူ အဘူဖွေယာစ်(ခ)ဘာဘူလာ သည် မြို့မငါးခူရလမ်းအတိုင်း အနောက်မှ အရှေ့ ဘက်သို့ CLICK 125 အမျိုးအစား လိမ္မော်/အနက်ရောင် ဆိုင်ကယ်မောင်းနှင်းလာသဖြင့် ရပ်တန့်စစ်ဆေးရာ ၎င်းဆိုင်ကယ်၏ တူးဘောက်အတွင်း ဝေဖြိုးအထည် နှင့် ဓာတ်ပုံဆိုင် တံဆိပ်ပါ လိမ္မော် ရောင် အိတ်အသေးအတွင်း ထည့်လျှက် အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ပြီး ဆီစိမ်စက္ကူဖြင့် ထပ်မံ ထုတ် ထားသော အထုပ်ကြီး ၁ ထုတ်ကို တွေ့ ရှိ၍ ဆက်လက်ရှာဖွေရာ အဆိုပါအထုတ်ကြီးထဲတွင် အထုတ်ငယ် ၅ ထုတ်ကို တွေ့ရှိပြီး အထုတ်ငယ် ၁ ထုတ်လျှင် အပြာရောင်ကပ်ခွာအိတ် ၁၀ အိတ် ၊ အပြာရောင်ကပ်ခွာအိတ် တစ်အိတ်လျှင် WY/R စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရှုးသွပ်ဆေးပြား ၁၇၀ ပြားပါ စုစုပေါင်း ကပ်ခွာအိတ် ၅၀ အိတ် ဆေးပြားစုစုပေါင်း ၈၅၀၀ ပြား အလေးချိန် ၇၆၅ ဂရမ်ခန့်အား သိမ်းဆည်းရမိပြီး မူးယစ်ဆေးဝါးများ နှင့် အတူလက်ဝယ်တွေ့ရှိသူ မြို့မတောင်ရပ်ကွက် မောင်နီရပ်ကွက် နေသူ အဘူဖွေယာစ်(ခ)ဘာဘူလာ ၃၅ နှစ် ၊(ဘ)ဦးရော်ရှီအာမတ်အား မြို့မရဲစခန်းတွင် မယ (ပ) ၂၆/၂၀၂၃ ၊ မူး/စိတ် ပုဒ်မ ၁၉(က)အရ အမှု ဖွင့်လှစ် ကာ တရားဉပဒေအရ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက် လျှက် ရှိ သိရ သည်။
ဝေလ
https://t.me/MyanmarNationalPost
No comments:
Post a Comment