ဘိုကလေးမြို့နယ်နေ ဖျာပုံခရိုင်အတွင်းမှ အသက်အကြီးဆုံး ဘိုးဘွား(၂)ဦးနှင့် ဘိုးဘွားရိပ်သာမှ ဘိုးဘွားများအား ကူညီထောက်ပံ့ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ဘိုကလေးမြို့နယ်နေ ဖျာပုံခရိုင်အတွင်းမှ အသက်အကြီးဆုံး ဘိုးဘွား(၂)ဦးနှင့် ဘိုးဘွားရိပ်သာမှ ဘိုးဘွားများအား ကူညီထောက်ပံ့

20

21

22


MNP ၊ အောက်တိုဘာ    ၁၅

အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာ ဘိုးဘွားများနေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ယမန်နေ့နေ့လယ် (၂)နာရီအချိန်တွင် ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ထွေးကြည်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ဖျာပုံခရိုင်အတွင်းရှိ အသက်အကြီးဆုံး အဘိုးအဘွားများဖြစ်ကြသော ဘိုကလေးမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာနေ အသက်(၁၀၄)နှစ်ရှိ အဘိုးဦးညိုနှင့် ဌက်ပျောချောင်းကျေးရွာနေ အသက်(၁၀၅)နှစ်ရှိ အဖွားဒေါ်သိန်းကြည်တို့၏ နေအိမ်များထံသို့ အရောက်သွားကာ ထောက်ပံ့ငွေကျပ်(၁)သိန်းစီ ထောက်ပံ့ပေးအပ်ခဲ့သည်။


ထို့နောက် အဆိုပါ ပူးပေါင်းအဖွဲ့သည် ဘိုကလေးမြို့နယ်ရှိ ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာသို့ အရောက်သွားကာ ၎င်းရိပ်သာတွင် နေထိုင်ကြသော အဘိုး(၇)ဦးနှင့် အဘွား(၁၇)ဦး၊ စုစုပေါင်း (၂၄)ဦးတို့အား တစ်ဦးလျှင်(၁၅၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပြီး ရိပ်သာအတွက် ထောက်ပံ့ငွေ ကျပ်(၅)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မိုးစက်

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages