ကမာရွတ်မြို့နယ်၌ မွေးကင်းစမှ အသက်ငါးနှစ်​အောက်ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများတိုက်‌ကျွေးထိုးနှံပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကမာရွတ်မြို့နယ်၌ မွေးကင်းစမှ အသက်ငါးနှစ်​အောက်ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများတိုက်‌ကျွေးထိုးနှံပေး

71


MNP ၊ အောက်တိုဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ မွေးကင်းစမှ အသက်ငါးနှစ်အောက်အရွယ် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများတိုက်‌ကျွေးထိုးနှံခြင်းကို ယနေ့၊ နံနက် ၉ နာရီက ကမာရွတ်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာန၌ က​လေးငယ်များကို ကာကွယ်‌ဆေးတိုက်ကျွေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ကာကွယ်ဆေးတိုက်ကျွေးထိုးနှံပေးရာတွင် ငါးမျိုးစပ်ကာကွယ်ဆေး(ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင်)၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး၊ ပိုလီယိုအစက်ချဆေး၊ ပိုလီယိုထိုးဆေး၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဘီစီဂျီ(ဦးနှောက်တီဘီရောဂါကာကွယ်ဆေး)၊ ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးစသည့် ကာကွယ်ဆေးများကို တိုက်ကျွေးထိုးနှံပေးခြင်းဖြစ်ပြီး ယနေ့တွင်ကလေး(၃၀)ဦးတို့အား ကာကွယ်ဆေးတိုက်ကျွေးထိုးနှံပေး‌ကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးများကို လစဉ်လဆန်း ၁ ရက်နေ့မှ ၇ ရက်နေ့အထိ  ရုံးဖွင့်ရက်များတွင် နံနက် ၉ နာရီမှ နေ့လယ် ၂ နာရီအထိ ကာကွယ်ဆေးများတိုက်ကျွေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages