ရန်ကုန်မြို့တွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် ပူးပေါင်းစစ်ဆေးခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရန်ကုန်မြို့တွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် ပူးပေါင်းစစ်ဆေးခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ

62

63

64

65


MNP ၊ အောက်တိုဘာ  ၁၉

ရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိသည့် မော်တော်ယာဉ်များ၊ YBSခရီးသည်တင်ယာဉ်များနှင့်ခရီးသွားလုပ်သား ပြည်သူများအနေဖြင့် ယာဉ်မတော်မဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများ၊ အသက်နှင့် လူမှုစီးပွားဘဝများ နစ်နာ ဆုံးရှုံးရမှုများ၊ ယာဉ်ကြောင့် ဖြစ်ပေါ်သော သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများနှင့် ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်း စေရန်အတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)နှင့် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ ပူးပေါင်း၍ အပတ်စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိုကဲ့သို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာပူးပေါင်းအဖွဲ့များသည် ရန်ကုန်မြို့အတွင်းရှိ ယာဉ်အသွားအလာ မျာသည့် နေရာများ၊ လူစည်ကားရာနေရာများနှင့် လမ်းဆုံ၊လမ်ခွနေရာများ၌ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော မော်တော်ယာဉ်များအား အပတ်စဉ် တနင်္လာနေ့မှသောကြာနေ့အထိ နံနက်(၉)နာရီမှ မွန်းလွဲ(၃)နာရီအထိ အရှေ့ပိုင်း ခရိုင်ပူးပေါင်းအဖွဲ့၊ အနောက်ပိုင်းခရိုင်ပူးပေါင်းအဖွဲ့၊ မြောက်ပိုင်းခရိုင် ပူးပေါင်းအဖွဲ့ စသည်ဖြင့် (၃)ဖွဲ့တို့ဖြင့် ယာဉ်အန္တ ရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် စစ်ဆေးအရေးယူခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော် မတီကို ဖွဲ့စည်းပြီး  တိုင်းဒေသကြီးအတွင်း ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ တာမွေမြို့နယ် အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ယခင်နှစ်များ ထက် သိသိသာသာ ယာဉ်တိုက်မှုများ လျော့နည်းကျဆင်းလာခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages