ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းစစ်ဆေး


MNP ၊ အောက်တိုဘာ  ၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်း ဆောင်ရွက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မင်းလွင်ကုန်းကျေးရွာ သို့ရောက်ရှိပြီး မိုးလွင်လယ်ယာနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းအမှုဆောင်များ၊ အသင်း သားတောင်သူများနှင့် တွေ့ဆုံရာ တိုင်းဒေသကြီးဦးစီးမှူးနှင့် အသင်းအမှုဆောင်များက လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လက်ရှိစိုက်ပျိုးနေသော စပါးမျိုးများအပြင် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့် စပါးမျိုးများကို တိုးချဲ့စိုက်ပျိုး ကြစေလိုကြောင်း၊ လိုအပ်သည့် စိုက်ပျိုးနည်းစနစ်၊ စိုက်ပျိုးရေရရှိရေးအတွက် မိမိတို့ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့က ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မြန်မာ့လယ်ယာစိုက်ပျိုးရေး ဘဏ်ချေးငွေများ၊ မြစိမ်းရောင် စီမံကိန်းချေးငွေများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများကို သတ်မှတ်ကာလအတွင်း အပြေအကျေပေးဆပ်ကြရန် ပြောကြားကာ အသင်းသားတောင်သူများ၏ စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး တင်ပြမှုများအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အသင်းသားတောင်သူ ၂၅ ဦး၏ စိုက်ပျိုးမြေဧက ၁၂၀ တွင် မိုးစပါးစိုက်ပျိုးထားမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ပုလဲမြို့သစ်မြို့နယ်ရှိ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ စက်၊ ယာဉ်၊ ယန္တရား ဂိုဒေါင်ကိုလည်းကောင်း၊ စက်၊ ယာဉ်၊ ယန္တရားများ ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေမှု၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ စနစ်တကျ သိုလှောင်ထားမှုနှင့် ဝန်ထမ်းအိပ်ဆောင်များကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သက်ဆိုင်ရာရုံးများ၌ ဦးစီးဌာနလေးခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်ရေး၊ ဦးစီးဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်မှာကြားပြီး ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)