မြောက်ဦးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး လှည့်လည်နှိုးဆော် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မြောက်ဦးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး လှည့်လည်နှိုးဆော်

107

108


MNP ၊ အောက်တိုဘာ  ၂၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ပြည်သူများမီးပေါ့ဆမှုမရှိရေးနှင့် ပွင့်လင်း ရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်ခဲ့ကြ သည်။


ထို့သို့ အသိပေးနှိုးဆော်ရသို့ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်ရဲထွန်း     ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ပူပြင်းခြောက်သွေ့သော ရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးကို အထူးဂရုပြုသုံးစွဲရေး၊ သတ်မှတ်ထားသည့် မီးသုံးစွဲချိန်အတိုင်း အသုံးပြုရေး၊ နေအိမ်အတွင်း/ အပြင် အမှိုက်များ ရှင်းလင်းရေး၊ မီးလောင်လွယ်သည့် စက်သုံးဆီ၊ လောင်စာဆီများ သိုလှောင် ထားခြင်းမပြုရေး၊ မီးကြွင်း၊ မီးကျန်များ စနစ်တကျ ငြိမ်းသတ်ထားရှိစေရေး၊ ဟောင်းနွမ်း လျှပ်စစ် ဝိုင်ယာကြိုးများအား လဲလှယ်အသုံးပြုကြစေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပစ္စည်းများ ဖြစ်သော ရေကန်၊ သဲအိတ်၊ မီးချိတ်၊ မီးကတ် နှင့် မီးသတ်ဆေးဗူးများထားရှိရေးနှင့် ပြည်သူများ မီးပေါ့ဆမှုမရှိရေးတို့ကို လှည့်လည် အသိပေးနှိုးဆော်ခဲ့သည်။


မြောက်ဦးမြို့နယ်၌ မိဘပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်အတွက် မီးသုံးစွဲခြင်း စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိ ကို မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာများရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များက နေ့စဉ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မြင့်စိုး 

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages