ပေါက်တောမြို့တွင် ဝန်ထမ်းများ စာဖတ်စွမ်းရည်မြင့်မားစေရန် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပေါက်တောမြို့တွင် ဝန်ထမ်းများ စာဖတ်စွမ်းရည်မြင့်မားစေရန် စာဖတ်ဝိုင်းပြုလုပ်

48

49

50


MNP ၊ အောက်တိုဘာ  ၆

 ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအ‌ခြေပြုဗဟိုဌာန (Community Centre)တွင် ယ​နေ့ နံနက်ပိုင်းက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲ စာအုပ်ဖြင့်စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။


  ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲစာအုပ် အခန်း (၁)ရှိ အသုံးစရိတ်များ ကျခံသုံးစွဲခြင်းနှင့်စပ်လျဥ်းသည့်စည်းကမ်းချက်များ၊ ရုံးချုပ်၏ကြိုတင်ခွင့်ပြုချက်လိုသောအသုံးစရိတ်များ၊ အသုံးစရိတ်သုံးစွဲရန် အဓိကအချက်များ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။


ဆက်လက်ပြီး​ ဒုတိယဦးစီးမှူး​ ဦးဝင်းမင်းစိုးက လစာ​ငွေတောင်းခံလွှာများ ပြင်ဆင်ရေးဆွဲရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ လစာပေးရန်အချိန်စေ့ရောက်သောနေ့နှင့်​ နောက်ဆုံးထုတ်လစာလက်မှတ်(L.P.C) အစရှိသည့် အကြောင်းအရာများကို ဖတ်ရှုခဲ့ပြီး တက်​ရောက်လာသည့် ဝန်ထမ်းများမှ ပြန်လည်​ဆွေး​နွေးခဲ့ကြ​ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းကို ​ငွေစာရင်းထိန်းသိမ်းနည်းအားသိရှိ​စေရန်နှင့် ကျွမ်းကျင်မှုရှိ​​စေရန်အတွက် ​ဆောင်ရွက်ခြင်းဖြစ်​ကြောင်းသိရှိရသည်။


https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages