ဟိုင်းကြီးကျွန်းမြို့၌ ရေလုပ်သားလုပ်ငန်းခွင် အသက်အန္တရာယ်ကင်းရှင်းရေး သင်တန်းဖွင့်လှစ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဟိုင်းကြီးကျွန်းမြို့၌ ရေလုပ်သားလုပ်ငန်းခွင် အသက်အန္တရာယ်ကင်းရှင်းရေး သင်တန်းဖွင့်လှစ်

138


MNP ၊ အောက်တိုဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ရေလုပ်သားများ လုပ်ငန်းခွင်အတွင်း အသက်အန္တရာယ်ကင်းရှင်းစေရန်အတွက် ရေလုပ်သားလုပ်ငန်းခွင် အသက်အန္တရာယ်ကင်းရှင်းရေးသင်တန်းကို ယနေ့နံနက်(၀၉း၀၀)နာရီ အချိန်တွင် မြို့ငါးလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူးဦးကောင်းစံမှ ရေလုပ်သားများ သိသင့်သိထိုက်သော ငါးလုပ်ငန်းဥပဒေများနှင့် လုပ်ငန်းခွင်အတွင်း အသက်အန္တရာယ်တစ်စုံတစ်ရာ ထိခိုက်မှုမရှိစေရန်အတွက် လိုက်နာဆောင်ရွက်သင့်သည့် နည်းလမ်းများအားပြောကြားခဲ့သည်။


ဆက်လက်ပြီး ငါးလုပ်ငန်းဦးစီးဌာန ဌာနမှူး ဦးသန်းထွန်းအောင်မှ ရေလုပ်သားများ လုပ်ငန်းလုပ်ဆောင်နေစဥ်အတွင်း လိုက်နာသင့်သည့် အသက်အန္တရာယ် ကာကွယ်ရေးနည်းလမ်းများကို ပြောကြားပြီး ဟိုင်းကြီးကျွန်းမြို့၊ မီးသတ်ဦးစီးဌာန တာဝန်ရှိသူများမှ လက်တွေ့သရုပ်ပြ သင်ကြားပြသခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းသို့ မြို့အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြပြီး ရေလုပ်သား(၂၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။


လှိုင်မျိုးအောင်

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages