၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီအကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် မိုးရာသီသီးနှံများ အောင်မြင်စွာစိုက်ပျိုးထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လွိုင်ကော်မြို့၌ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီအကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် မိုးရာသီသီးနှံများ အောင်မြင်စွာစိုက်ပျိုးထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လွိုင်ကော်မြို့၌ကျင်းပ

33


MNP ၊ အောက်တိုဘာ  ၂၀

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် မိုးရာသီသီးနှံများ အောင်မြင်စွာစိုက်ပျိုးထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ခွင့်ပြုထားသည့် လုပ်ငန်းများအားလုံး အကောင်အထည်ဖော်ရန် အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ကြရန်နှင့် တာဝန်ရှိသူများက စနစ်တကျ စိစစ်ကြီးကြပ် ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက် နှုန်းပြည့်မီစွာရရှိရေးနှင့် မိုးသီးနှံများကို သတ်မှတ်ကာလအတွင်း လျာထားချက်များအတိုင်း အောင်မြင်စွာစိုက်ပျိုးထုတ်လုပ်နိုင်ရေးဆောင်ရွက်ပြီး ဆောင်းသီးနှံများစိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရန်တို့ကို ပြောကြားခဲ့သည်။


ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို Power Point ဖြင့် ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


ကိုဇင်

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages