ရသေ့တောင်မြို့၌မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းအကြံပြုစစ်ဆေးခြင်းနှင့် မီးအသိမီးသတိရှိစေရေးအသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းအကြံပြုစစ်ဆေးခြင်းနှင့် မီးအသိမီးသတိရှိစေရေးအသိပညာပေးဟောပြော







MNP ၊ အောက်တိုဘာ  ၁၈

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့်  ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရန် ယနေ့ နံနက်၁၀နာရီကအရှေ့မြောက်ရပ်ကွက်ရှိရွှေပါရမီ(ယာယီနေရပ်စွန့်ခွာသူများစခန်း)သို့ သွားရောက်ပြီး မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အတွက် တစ်အိမ်တက်ဆင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


        ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်တစ်အိမ်တက်ဆင်းစစ်ဆေးရာတွင်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင်၊မြို့နယ်ဘေး/စီမံဦးစီးမှူး ဦးကျော်လွင် ယာယီနေရပ်စွန့်ခွာသူများ စခန်း တာ၀န်ခံ ‌ တို့နှင့်ပူးပေါင်းပြီး  မြို့နယ်မီးသတ်ဦးစီးမှူး ဦးလူမော် နှင့် မီးသတ် တပ်ဖွဲ့ဝင် များကအရှေ့မြောက်ရပ်ကွက်ရှိ ရွှေပါရမီ(ယာယီနေရပ်စွန့်ခွာသူများစခန်း)အတွင်းရှိ မိဘပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မီးလောင်ကျွမ်းမှုမဖြစ်ပေါ်စေရေးတို့အတွက် မီးသတ်ဦးစီး ဌာနမှထုတ်ပြန်ထားသော မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန် ကြားချက်များဖြစ်သည့်  မီးချိတ်၊  မီးကပ်၊ သဲအိတ်နှင့် မီးသတ် ဆေးဗူးစသော မီးဘေးကာကွယ် ရေးပစ္စည်းများ အသင့်ထားရှိရေး၊ လောင်စာဆီများသို လှောင်ခြင်းမပြုရန်၊ တပ်ဆင်ထားသော ဟောင်းနွမ်းလျှပ် စစ်ဝါယာကြိုး များနှင့် ပျက်စီးနေ သောလျှပ်စစ်ပစ္စည်းများ အသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါကမီးကြွင်းမီးကျန်များအား စနစ်တကျ မီးငြိမ်း သတ် ကြရန်စသည့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေ ရေးနှင့်ကြိုတင်ကာကွယ်ရေးအတွက် ဆောင် ရန်/ရှောင်ရန်အချက် များအားကွင်းဆင်းစစ်ဆေးအသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။


ထွန်းလင်းကျော် 

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)