သီတင်းကျွတ်မီးထွန်းပွဲတော်တို့နွှဲပျော်ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ဖြူးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီတင်းကျွတ်မီးထွန်းပွဲတော်တို့နွှဲပျော်ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ဖြူးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပ




MNP ၊ အောက်တိုဘာ   ၁၀

ကျောင်းသားအရွယ်ကလေးငယ်များ မြန်မာ့ယဉ်ကျေးမှုကို အလေးထားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်စေရန်အတွက် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊  တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား သီတင်းကျွတ်မီးထွန်းပွဲတော်တို့နွှဲပျော် ခေါင်းစဉ်ဖြင့် ပြိုင်ပွဲကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။


ပြိုင်ပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒေါ်အိမာဟိန်းက ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြိုင်ပွဲကိုယှဉ်ပြိုင်ကြရာ အလယ်တန်းကျောင်းသား/ ကျောင်းသူ(၁၈)ဦးတို့က သီတင်းကျွတ်မီးထွန်းပွဲတော်တို့နွှဲ ခေါင်းစဉ်ဖြင့် စာစီစာကုံးယှဉ်ပြိုင်ကြရာ ပထမဆု၊ ဒုတိယနှင့် တတိယဆု ရရှိသူများအား မြို့နယ်ဦးစီးအရာရှိ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများက ဆုများချီးမြှင့်ခဲ့ကြကြောင်းသိရသည်။ ပြိုင်ပွဲအပြီးတွင် စာအုပ်စာစောင်များ၊ သဘာဝဘေးအသိပညာပေး နံရံကပ်စာစောင်များအား  ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။


နေမျိုးလွင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)