ထီးချိုင့်မြို့၌ စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ထီးချိုင့်မြို့၌ စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေး



28


MNP ၊ အောက်တိုဘာ  ၁၆                   

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့၌ စားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းရေးနှင့် ပြည်သူလူထုအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချစေနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စားအုန်းဆီများအား ပြင်ပပေါက်စျေးထက် ဈေးနှုန်းချိုသာစွာ ဆက်လက်ရောင်းချပေးခြင်းကို ယနေ့နံနက် ၈နာရီအချိန်က မြို့မအားကစားကွင်းတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထိုသို့ရောင်းချပေးရာတွင် ပြည်သူများ စနစ်တကျ အလွယ်တကူ ဝယ်ယူနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ဆီကုန်သည်များနှင့် ပူးပေါင်းကာ လာရောက်ဝယ်ယူသူ ပြည်သူများအား စားအုန်းဆီတစ်ပိဿာကို ၅၄၀၀ နှုန်းဖြင့် လူတစ်ဦးလျှင် (၅၀)ကျပ်သားဆီ စုစုပေါင်း စားအုန်းဆီ(၃၈၅)ပိဿာကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။


ရဲလင်းထွန်း 

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages