ပေါက်တောမြို့နယ် ဂြစ်ချောင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောက်ရွက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ် ဂြစ်ချောင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောက်ရွက်ပြီးစီး



MNP ၊ အောက်တိုဘာ   ၁၂

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့်ဂြစ်ချောင်းကျေးရွာတွင်းလမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်း နှင့် တာဝန်ရှိသူများ ယနေ့ နံနက်ပိုင်းတွင် သွားရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။


အဆိုပါ ဂြစ်ချောင်းကျေးရွာတွင်းလမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို၂၀၂၃-၂၀၂၄ ခု ဘဏ္ဍရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်ဆောင်ရွက်သော တွင်းလမ်း ကွန်ကရစ်ခင်းခြင်းအား နိုင်ငံတော်ထောက်ပ့ံငွေ ၁၂ သန်း နှင့် ပြည်သူထည့်ဝင်ငွေ ၂ဒသမ၅ သန်းတို့ဖြင့် ကျေးရွာတွင်းလမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ရွာတွင်းလမ်းကွန်ကရစ် မှာ အလျား ၆၇၁ ပေ ၊ အကျယ် ၇ ပေ ၊ ထု ၆ လက် မ ရှိပြီး လုပ်ငန်းမှာ ရာနှုန်းပြည့် ပြီးစီးပြီး ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)