MNP ၊ အောက်တိုဘာ ၂၀
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့တွင် မြန်မာနိုင်ငံဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ် ငန်းရှင်များအသင်းမှ စတုတ္ထနေ့ အဖြစ်ယနေ့ နံနက် ၈ နာ ရီ အချိန်က အမ်းမြောက်အုပ်စု ဒိုင်ကြီးကျေးရွာ နေပြည်သူများသို့ စားသုံးဆီများရောင်း ချပေးခဲ့သည်။
ထိုသို့ ရခိုင်ပြည်နယ်ဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီများအား မြို့နယ်စား သုံးသူရေးရာဦးစီး ဌာနမှ ကြီးကြပ်၍ ပြည်သူများသို့ရောင်း ချပေးနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများက ကြည့် ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့သည်။
အမ်းမြို့၌ မြို့နယ်စားသုံးသူရေးရာဦး စီးဌာနမှ ကြီးကြပ်လျက် ရခိုင်ပြည် နယ် ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအ သင်းမှစားသုံးဆီများအား စားသုံးဆီ တစ်ပိဿာ လျှင် ၄၉၀၀ ကျပ် နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့်တစ်နေ့လျှင် စားသုံးဆီ ၅၅၀ ပိဿာ အားအမ်းမြောက်အုပ်စု ဒိုင်ကြီးကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာမှ အိမ်ထောင်စု ၅၅၀ စုအား ဖြန့်ဖြူး ရောင်းချပေးနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ စားသုံးဆီရောင်း ချမှုအား အောက်တိုဘာ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့ထိ အမှတ်(၃) ဈေးရပ် ကွက်၊လေယာဉ် ကွင်းရပ်ကွက်၊ အောက်ရွာကျေးရွာ၊ ဒိုင်ကြီးကျေးရွာ နှင့်စျေးတောင်ရပ်ကွက်တို့တွင် စားသုံးဆီ ၂၇၅၀ ပိဿာအား ဆက်လက်ရောင်းချပေးမည်ဖြစ် ရာ အိမ်ထောင်စု ၂၇၅၀ စုအား စားသုံးဆီများဖြန့်ဖြူးပေးနိုင်မည်ဖြစ် ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment