MNP ၊ အောက်တိုဘာ ၂၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၃၃)အုပ်စုမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၂၉၈) ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ် ( ဇူလိုင်၊ ဩဂုတ်၊စက်တင်ဘာ ) လအတွက် သက်ကြီးဘိုးဘွားတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် သုံးသောင်း ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး အဆိုပါထောက်ပံ့ငွေများကို ငဖဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၃၃)အုပ်စုမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၂၉၈)ဦး၏ နေအိမ်များသို့သွားရောက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဟန်နီထွန်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များနှင့်စာရေးများ၊ လူမှုရေးအဖွဲ့များနှင့် တာဝန်ရှိသူများက အဘိုအဘွားများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိရာ စုစုပေါင်း ထောက်ပံ့ငွေကျပ် ရှစ်ဆယ့်ကိုးသိန်းလေးသောင်း ရှိကြောင်း သိရသည်။
မယု
https://t.me/MyanmarNationalPost
No comments:
Post a Comment