လားရှိုးမြို့၊ နတ်ရေကန်သောဘိတာရာမပရိယတ္တိစာသင်တိုက်တွင် နယ်လှည့်ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့၊ နတ်ရေကန်သောဘိတာရာမပရိယတ္တိစာသင်တိုက်တွင် နယ်လှည့်ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်




MNP ၊ အောက်တိုဘာ    ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် နတ်ရေကန်သောဘိတာရာမပရိယတ္တိစာသင်တိုက်တွင် ယမန်နေ့ မွန်းလွဲပိုင်းက လားရှိုးပြည်သူ့ဆေးရုံနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁၀)စစ်မြေပြင် ဆေးတပ်ရင်းတို့မှ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် လားရှိုးမြို့နယ် နတ်ရေကန်သောဘိတာရာမပရိယတ္တိစာသင်တိုက်ရှိ ဆရာတော်သံဃာတော်များနှင့် ဒေသခံပြည်သူတို့အား အထွေထွေရောဂါကု ဆရာဝန်၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်၊ သွားနှင့်ခံတွင်းဆရာဝန်၊ ဆေးကုသမှုပါရဂူ၊ ခွဲစိတ်အထူးကုဆရာဝန်၊ သားဖွားမီးယပ်ပါရဂူ၊ ကလေးအထူးကုဆရာဝန်၊ အရိုးအထူးကုဆရာဝန် စသည့် အထူးကုဆရာဝန်များ ဦးဆောင်သော ဆေးကုသရေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသပေးခြင်း၊ လိုအပ်သည့် ဆေးဝါးများနှင့် အာဟာရများ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။


ထိုသို့ဆောင်ရွက်နေမှုများကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှအရာရှိကြီးများ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်းတွင် နယ်လှည့်ဆေးကုသရေးအဖွဲ့များဖြင့် ဟူးမွန်ကျေးရွာ၊ ဟိုပိတ်ကျေးရွာ၊ ရပ်ကွက်(၁)၊ ရပ်ကွက်(၉)၊ တောရပရိယတ္တိစာသင်တိုက်၊ နတ်ရေကန်ကျောင်းတိုက်နှင့် စိတ္တသုခဘုန်းတော်ကြီးကျောင်း၊ ခါးရိုးပရိယတ္တိစာသင်တိုက်၊ လွယ်ဝိန်းကျောင်းတိုက်၊ အောင်မင်္ဂလာ နမ့်ဆန်ကျောင်းတိုက်၊ မဟာဗောဓါရုံကျောင်းတိုက်၊ ဇမ္ဗူအေးအေတီတပ်ဦးပရိယတ္တိစာသင်ကျောင်းတိုက်၊ သာသနာ့ဟိတကာရီသီလရှင်စာသင်တိုက်၊ အောင်ချမ်းသာကျောင်းတိုက်၊ တာပုံကျောင်းတိုက်၊ ကန်မိန်းကျောင်းတိုက်တို့တွင်လည်း ဒေသခံများ၏ ကျန်းမာရေးအတွက် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဆေးစစ်ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


စိုင်းထွန်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)