ပေါင်းတည်၌ မွေးစအရွယ်မှ ၁ နှစ်ခွဲကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်းတည်၌ မွေးစအရွယ်မှ ၁ နှစ်ခွဲကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး


MNP ၊ အောက်တိုဘာ  ၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး ဆေးထိုးစုရပ်၌ မွေးစအရွယ် အသက် ၂လမှ ၁နှစ်ခွဲကလေးများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ယမန်နေ့နံနက် ၈နာရီမှစ၍ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးကြကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးမှုသည် မွေးစက အသည်းရောင်အသည်းဝါ (ဘီ)မထိုးနှံခဲ့ရသော အသက် ၂လ ကလေးများအပါအဝင်၊ အသက်၂လ၊ ၄လနှင့် ၆လ၊ ကလေးများကို ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)နှင့် ငါးမျိုးစပ်ကာကွယ်ဆေးများ၊ ၉ လအရွယ်ကလေးများကို ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးများနှင့် ၁ နှစ်ခွဲကလေးများကို ငါးမျိုးစပ်ကာကွယ်ဆေးများကိုပုံမှန် ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းထံမှသိရသည်။


ယနေ့တွင်  မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းစုရပ်၌ အသက် ၂လအရွယ်မှ ၁နှစ်ခွဲအထိ စုစုပေါင်းရင်ခွင်ပိုက်ကလေး ၁၀၀ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် ၂၀ဦးတို့ကို ပုံမှန်ကာကွယ်များ ထိုးနှံပေးခြင်း၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။


သူရကြီး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)