သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖြန့်ဖြူးပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖြန့်ဖြူးပေးအပ်

 



MNP ၊ အောက်တိုဘာ  ၆

ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်တွင် ၂၀၂၃-၂၀၃၄ ခုနှစ်၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး အသိပညာပေးဆွေးနွေးခြင်းနှင့် အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်‌နေ့က သနပ်ပင်မြို့နယ်၊ ကလိုင်ကျေးရွာနှင့် ကသဲကုန်းကျေးရွာများသို့ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် သနပ်ပင်မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက်က ပဲခူးတိုင်းဒေသကြီးအတွင်း အဓိကသီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး အလေးထားဆောင်ရွက်လျက်ရှိရာ သနပ်ပင်မြို့နယ်အနေဖြင့် မြို့နယ်အတွင်းအဓိကစိုက်ပျိုးသည့် ပဲတီစိမ်း၊ မြေပဲနှင့် မတ်ပဲသီးနှံများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီရေးအတွက် အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်မျိုးများ ပြောင်းလဲသုံးစွဲရမည့် အခြေအနေများနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်စီစဉ်ပေးမှုဖြင့် မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများ ထောက်ပံ့ပေးမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်ကြူကြူမြင့်က စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေး လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက် သနပ်ပင်မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆောင်းမြေပဲသီးနှံဦးစွာ စိုက်ပျိုးမည့် ကလိုင်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများ၏ ဧက ၅၀ အတွက် အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်မြေပဲ တင်း ၃၀၀ နှင့် ကသဲကုန်းကျေးရွာအုပ်စုအတွင်းရှိ တောင်သူများ၏ ဧက ၅၀ အတွက် အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်မြေပဲ တင်း ၃၀၀ တို့အား ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။


လှမိုး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)