MNP ၊ အောက်တိုဘာ ၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (လားရှိုး)တွင် ယမန်နေ့နံနက် ၉ နာရီအချိန်က အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပရာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားသည်။
ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းသင်တန်းမှ ကျောင်းအုပ် ဒေါ်မြမြသင်းက သင်တန်းကာလအတွင်း လှုပ်ရှားဆောင်ရွက်ခဲ့မှုများကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းမှူးက သင်တန်းထူးချွန်ဆု ပထမဆုရရှိသူ ဟုမ္မလင်းမြို့နယ်မှ မသီရိခိုင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်က ဒုတိယဆုရရှိသူ တန့်ယန်းမြို့နယ်မှ မအက်စတာခေါန်လွန်နှင့် တိုင်းဦးစီးဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်က တတိယဆုရရှိသူ ဟုမ္မလင်းမြို့နယ်မှ မနှင်းယုစံ တို့အား ဆုများအသီးသီးချီးမြှင့်ခဲ့သည်။
ဆက်လက်၍ သင်တန်းဆင်းအောင်လက်မှတ်များကို လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက ပေးအပ်ရာ သင်တန်းသူတစ်ဦးကလက်ခံရယူ၍ သင်တန်းသူများအားလုံးကိုယ်စား သင်တန်းသူတစ်ဦးကကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် တိုင်းမှူးနှင့်အခမ်းအနားသို့ တက်ရောက်လာကြသူများက သင်တန်းသူများ၏ သင်တန်းကာလအတွင်း ချုပ်လုပ်ထားသော အဝတ်အထည်များကို ခင်းကျင်းပြသထားမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စိုင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment