ခရမ်းမြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှဂုဏ်ပြုချီးမြှင့်သည့် ဂုဏ်ပြုလက်မှတ်နှင့်လက်ဆောင်များအား တပ်ဖွဲ့ဝင်များထံပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရမ်းမြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှဂုဏ်ပြုချီးမြှင့်သည့် ဂုဏ်ပြုလက်မှတ်နှင့်လက်ဆောင်များအား တပ်ဖွဲ့ဝင်များထံပေးအပ်



MNP ၊ အောက်တိုဘာ  ၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဂုဏ်ပြုချီးမြှင့်သည် ဂုဏ်ထူးဆောင်လက်မှတ်နှင့် လက်ဆောင်ပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ခရမ်းမြို့နယ်ကြက်ခြေနီအသင်းရုံးခန်းမတွင် ကျင်းပခဲ့သည်။


အခမ်းအနားသို့ ခရမ်းမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအသင်းအမှူဆောင်ကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဒေါ်ခင်မိုးလွင်က ဂုဏ်ပြုချီးမြှင့်ရသည့် အကြောင်းများရှင်းလင်းပြောကြားခဲ့ပြီး ဂုဏ်ပြုဆုရရှိသည့် တပ်ဖွဲ့ဝင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှပေးပို့သည့် ဂုဏ်ပြုချီးမြှင့်လက်မှတ်နှင့် လက်ဆောင်ပစ္စည်းများကို တပ်ဖွဲ့ဝင်များအားတာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


အဆိုပါဆုမှာ မြန်မာနိုင်ငံအတွင်း ကြက်ခြေနီလုပ်ငန်းများတွင် အနစ်နာခံ၊ ကိုယ်ကျိုးစွန့်၍ စွမ်းစွမ်းတမံ၊ အားသွန်ခွန်စိုက် အများအကျိုးဆောင်ရွက်ခဲ့ကြသူများကို ပေးအပ်ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။


ကိုမင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)