ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့၌မြန်မာနိုင်ငံကြက်ခြေနီအသင်းမှကြီးမှူး၍ မိုခါမုန်တိုင်းသင့်ဒေသများရှိ ပြည်သူများအား ငွေသားနှင့်‌သောက်ရေသန့်များထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့၌မြန်မာနိုင်ငံကြက်ခြေနီအသင်းမှကြီးမှူး၍ မိုခါမုန်တိုင်းသင့်ဒေသများရှိ ပြည်သူများအား ငွေသားနှင့်‌သောက်ရေသန့်များထောက်ပံ့ပေးအပ်






MNP ၊ အောက်တိုဘာ   ၁၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင်မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မိုခါမုန်တိုင်းသင့်ဒေသများအားကူညီထောက်ပံခြင်းများဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လည်၁၂နာရီအချိန် စေတီယင်္ဂဏဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် အကျိုးခံစားခွင့်ရှိသူများအားငွေသားထောက်ပံ့ပေးခြင်း အစီစဥ်ကိုပြုလုပ်ကျင်းပရာ ရသေ့တောင်မြို့နယ်ကြက်ခြေနီ အသင်းမှ အသင်းဝင်များနှင့်စေတနာရှင်လူငယ်(၃၀)ဦးခန့်က ပါဝင်အင်အားဖြည့် လုပ်အားပေးခဲ့ကြသည်။


ထိုသို့ထောက်ပံ့ပေးရာတွင်အကျိုးခံစားခွင့်ရှိသူအိမ်ထောင်စု(၁)စုလျှင် ငွေကျပ်(၂)သိန်းနှုန်းနှင့်သောက်ရေသန့်(၁)လီတာ(၆)ဘူးတစ်ကဒ်စီဖြင့် တောင်ရင်းတန်းရပ်ကွက် ရှိအိမ်ထောင်စု(၁၇၈)စုအတွက်ငွေကျပ်

(၃၅၆၀၀၀၀၀)ကျပ် အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)